15. ယခုသင်တို့အားဟေဇကိမလှည့်စားမဖြား ယောင်းစေနှင့်။ သူ၏စကားကိုသင်တို့မယုံ ကြစေနှင့်။ အဘယ်တိုင်းနိုင်ငံ၏ဘုရားမျှ မိမိ၏လူတို့အားအာရှုရိဧကရာဇ်၏လက် မှကယ်နိုင်ခဲ့ဘူးသည်မရှိ။ သို့ဖြစ်၍သင်တို့ ၏ဘုရားသည်လည်းအမှန်ပင်သင်တို့အား မကယ်နိုင်'' ဟုပြောကြားစေလေသည်။
16. အာရှုရိတပ်မှူးသည်လည်းထာဝရအရှင် ဘုရားသခင်အားလည်းကောင်း၊ ထာဝရဘုရား ၏အစေခံဟေဇကိအားလည်းကောင်းထို ထက်ပင်ပိုမိုရှုတ်ချပြောဆိုကြသေး၏။-
17. ဧကရာဇ်မင်းသည်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ကိုအာခံလျက် ပေးပို့ သောအမှာတော်စာတွင်``အတိုင်းတိုင်းအပြည် ပြည်မှဘုရားများသည်မိမိတို့၏လူများ အားငါ၏လက်မှမကယ်နိုင်ခဲ့ကြ။ ဟေဇကိ ၏ဘုရားသည်လည်းမိမိ၏လူတို့ကိုငါ ၏လက်မှကယ်နိုင်လိမ့်မည်မဟုတ်'' ဟု ဖော်ပြထားသတည်း။-
18. တပ်မှူးတို့သည်မြို့ရိုးပေါ်ရှိယေရုရှလင်မြို့ သားတို့အားခြိမ်းခြောက်ကာစိတ်ပျက်အား လျော့အောင်ပြု၍ မြို့ကိုအလွယ်တကူသိမ်း ပိုက်နိုင်စေရန်ဟေဗြဲဘာသာစကားဖြင့် အော်ဟစ်ပြောဆိုကြလေသည်။-
19. သူတို့သည်ယေရုရှလင်မြို့သားတို့၏ဘုရားသခင်ကိုလူတို့လက်ဖြင့်ပြုလုပ်သောရုပ်တု များဖြစ်သည့်အခြားလူမျိုးတို့၏ဘုရား များနှင့်တန်းတူထား၍ပြောဆိုကြ၏။
20. ထိုအခါဟေဇကိမင်းနှင့်အာမုတ်၏သား ပရောဖက်ဟေရှာယသည် ဘုရားသခင်ထံ တော်သို့ကယ်မတော်မူရန်ဟစ်လျက်ပတ္ထနာ ပြုကြလေသည်။-
21. ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။
22. ဤနည်းအားဖြင့်ထာဝရဘုရားသည်ဟေ ဇကိနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား အာရှုရိဧကရာဇ်သနာခရိပ်၏လက် မှလည်းကောင်း၊ အခြားရန်သူများ၏လက် မှလည်းကောင်းကယ်တော်မူ၍ပတ်ဝန်းကျင် နိုင်ငံများနှင့်ငြိမ်းချမ်းမှုကိုပေးတော်မူ၏။-
23. လူအမြောက်အမြားပင်ထာဝရဘုရား အတွက်ပူဇော်သကာများနှင့် ဟေဇကိ မင်းအတွက်လက်ဆောင်များကိုယေရုရှလင် မြို့သို့ယူဆောင်လာကြ၏။ ထိုကာလမှ အစပြု၍ဟေဇကိသည်နိုင်ငံတကာ တို့၏ရှေ့တွင်ဂုဏ်အသရေကြီးမြင့်လေ၏။
24. ထိုအချိန်ကာလလောက်၌ပင်ဟေဇကိသည် သေလုနီးပါးဖျားနာသဖြင့် ဆုတောင်းပတ္ထ နာပြုတော်မူ၏။ ထာဝရဘုရားသည်သူပြန် လည်ကျန်းမာလာမည့်နိမိတ်ကိုပြတော်မူ၏။-
25. သို့ရာတွင်ဟေဇကိမင်းသည်မာန်မာနရှိ သဖြင့် ခံစားရသောကျေးဇူးတော်အတွက် ကျေးဇူးတော်ကိုမချီးမွမ်း။ ထိုကြောင့်ယုဒ ပြည်သူများနှင့်ယေရုရှလင်မြို့သားတို့ သည်အမျက်တော်ဒဏ်ကိုခံရကြလေသည်။-
26. နောက်ဆုံးတွင်ဟေဇကိနှင့်ယေရုရှလင်မြို့ သူမြို့သားတို့သည်နှိမ့်ချသောစိတ်ရှိလာ ကြသဖြင့် ထာဝရဘုရားသည်ဟေဇကိ ၏လက်ထက်ကာလတွင်ပြည်သူတို့အား အပြစ်ဒဏ်ခတ်တော်မမူ။
27. ဟေဇကိသည်လွန်စွာချမ်းသာကြွယ်ဝလာ ပြီးလျှင် လူအပေါင်းတို့၏ရှေ့တွင်ဂုဏ်အသ ရေကြီးမြင့်လေ၏။ သူသည် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများ၊ နံ့သာမျိုးများ၊ ဒိုင်းလွှားများ နှင့်အခြားအဖိုးတန်ပစ္စည်းများသိုလှောင် ရန်တိုက်များကိုတည်ဆောက်တော်မူ၏။-