11. ဟေဇကိကသင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားငါ၏လက်မှကယ်တော် မူမည်ဟုဆိုချေသည်။ သို့ရာတွင်ဟေဇကိ သည်သင်တို့အစာရေစာငတ်မွတ်၍သေကြ စေရန်လှည့်စားပြောဆိုနေခြင်းဖြစ်၏။-
12. ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန များနှင့်ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ယုဒ ပြည်သူများနှင့် ယေရုရှလင်မြို့သူမြို့သား တို့အားယဇ်ပလ္လင်တစ်ခုတည်းတွင်နံ့သာ ပေါင်းကိုမီးရှို့ပူဇော်၍ဝတ်ပြုကိုးကွယ် ရန်ပြောကြားသူကားဟေဇကိပင်ဖြစ်သည်။-
13. ငါနှင့်ငါ၏ဘိုးဘေးများသည်အတိုင်းတိုင်း အပြည်ပြည်မှလူတို့အားအဘယ်သို့ပြု ခဲ့သည့်ကိုသင်တို့မသိကြပါသလော။ အခြားအဘယ်တိုင်းနိုင်ငံ၏ဘုရားများ သည်မိမိတို့လူများအားအာရှုရိဧကရာဇ် ၏လက်မှကယ်ခဲ့ကြပါသနည်း။-
14. ထိုနိုင်ငံများရှိအဘယ်မည်သောဘုရားသည် မိမိ၏လူတို့အားငါ၏လက်မှကယ်ခဲ့ဖူး ပါသနည်း။ သို့ဖြစ်ပါလျက်သင်တို့၏ဘုရား သည်သင်တို့ကိုကယ်တော်မူနိုင်သည်ဟု အဘယ်ကြောင့်သင်တို့ထင်မှတ်ကြပါ သနည်း။-
15. ယခုသင်တို့အားဟေဇကိမလှည့်စားမဖြား ယောင်းစေနှင့်။ သူ၏စကားကိုသင်တို့မယုံ ကြစေနှင့်။ အဘယ်တိုင်းနိုင်ငံ၏ဘုရားမျှ မိမိ၏လူတို့အားအာရှုရိဧကရာဇ်၏လက် မှကယ်နိုင်ခဲ့ဘူးသည်မရှိ။ သို့ဖြစ်၍သင်တို့ ၏ဘုရားသည်လည်းအမှန်ပင်သင်တို့အား မကယ်နိုင်'' ဟုပြောကြားစေလေသည်။
16. အာရှုရိတပ်မှူးသည်လည်းထာဝရအရှင် ဘုရားသခင်အားလည်းကောင်း၊ ထာဝရဘုရား ၏အစေခံဟေဇကိအားလည်းကောင်းထို ထက်ပင်ပိုမိုရှုတ်ချပြောဆိုကြသေး၏။-
17. ဧကရာဇ်မင်းသည်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ကိုအာခံလျက် ပေးပို့ သောအမှာတော်စာတွင်``အတိုင်းတိုင်းအပြည် ပြည်မှဘုရားများသည်မိမိတို့၏လူများ အားငါ၏လက်မှမကယ်နိုင်ခဲ့ကြ။ ဟေဇကိ ၏ဘုရားသည်လည်းမိမိ၏လူတို့ကိုငါ ၏လက်မှကယ်နိုင်လိမ့်မည်မဟုတ်'' ဟု ဖော်ပြထားသတည်း။-