7. ထိုလှူဖွယ်ပစ္စည်းများသည်တတိယလမှ အစပြု၍ နောက်လေးလတိုင်တိုင်ဆက်လက် ရောက်ရှိလာကာစုပုံလျက်နေလေ၏။-
8. မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
9. မင်းကြီးသည်ထိုလှူဖွယ်ပစ္စည်းများနှင့် ပတ်သက်၍ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အားမိန့်ကြားတော်မူသော အခါ၊-
10. ဇာဒုတ်၏သားမြေးယဇ်ပုရောဟိတ်မင်း အာဇရိက``ပြည်သူတို့သည်ဤလှူဖွယ် ပစ္စည်းများကိုဗိမာန်တော်သို့ယူဆောင်လာ ချိန်မှအစပြု၍ အကျွန်ုပ်တို့စားသုံးရန် အလုံအလောက်ရရှိကြသည့်အပြင် များစွာပင်ပိုလျှံလျက်နေပါ၏။ ဤမျှ အကျွန်ုပ်တို့ရရှိကြခြင်းမှာထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ် ပါ၏'' ဟုလျှောက်လေသည်။
11. မင်းကြီး၏အမိန့်တော်အရဗိမာန်တော် အနီးတွင် ပစ္စည်းသိုလှောင်ခန်းများကိုပြင် ဆင်ပြီးလျှင်၊-
12. ထိုလှူဖွယ်ပစ္စည်းများနှင့်ဆယ်ပုံတစ်ပုံ အလှူများကိုသိမ်းဆည်းထားကြ၏။ သူ တို့သည်ပစ္စည်းသိုလှောင်ခန်းများအတွက် လေဝိအနွယ်ဝင်ကောနနိအားတာဝန်ခံ အဖြစ်ဖြင့်လည်းကောင်း၊ သူ၏ညီရှိမိအား လက်ထောက်တာဝန်ခံအဖြစ်ဖြင့်လည်း ကောင်းခန့်အပ်ကြလေသည်။-
13. သူတို့၏လက်အောက်တွင်အမှုထမ်းရန် လေဝိ အနွယ်ဝင်ဆယ်ဦးဖြစ်ကြသောယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ် နှင့်ဗေနာယတို့ကိုလည်းခန့်ထားကြ၏။ ဤရာထူးများကိုဟေဇကိမင်းနှင့်ယဇ် ပုရောဟိတ်မင်းအာဇရိတို့၏အမိန့်အရ ခန့်ထားခြင်းဖြစ်သတည်း။-
14. လေဝိအနွယ်ဝင်ဣမန၏သား၊ ဗိမာန်တော် အရှေ့တံခါးမှူးကောရသည်ထာဝရဘုရား အား ပေးလှူသည့်ပူဇော်သကာများကိုလက် ခံရန်နှင့်ဝေမျှရန်တာဝန်ယူဆောင်ရွက်ရ၏။-
17. ယဇ်ပုရောဟိတ်များသည်မိမိတို့သား ချင်းစုအလိုက် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရကြ၍အသက်နှစ်ဆယ်နှင့် အထက်ရှိလေဝိအနွယ်ဝင်များမှာမူ လုပ်ငန်း အဖွဲ့များအလိုက်တာဝန်ထမ်းဆောင်ကြ ရ၏။-
18. ထိုသူအပေါင်းတို့သည်မိမိတို့အတွက် သီးသန့်ထားသောတာဝန်ဝတ္တရားများကို အချိန်မရွေးထမ်းဆောင်ရန်အသင့်ရှိအပ် သည်ဖြစ်၍ သားမယားများနှင့်တကွ အခြားမှီခိုသူများနှင့်အတူမှတ်ပုံ တင်ထားရကြလေသည်။-
19. အာရုန်မှဆင်းသက်လာသူတို့အားနေရာ ချထားသည့်မြို့များ၌ဖြစ်စေ၊ ထိုမြို့တို့ နှင့်သက်ဆိုင်သည့်စားကျက်များ၌ဖြစ်စေ နေထိုင်သူယဇ်ပုရောဟိတ်များတွင်ရိက္ခာ ခွဲဝေမှုတာဝန်ခံများရှိ၏။ သူတို့သည်ယဇ် ပုရောဟိတ်များ၏အိမ်ထောင်စုဝင်ယောကျာ်း မှန်သမျှနှင့် လေဝိသားချင်းစုစာရင်း ဝင်သူမှန်သမျှတို့အားစားနပ်ရိက္ခာ များကိုခွဲဝေပေးကြ၏။
20. ဟေဇကိမင်းသည်ယုဒပြည်တစ်လျှောက် လုံးတွင်ဖြောင့်မှန်သော၊ မိမိ၏ဘုရားသခင်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြုတော်မူ၏။-
21. သူသည်ဗိမာန်တော်အတွက်ပြုလေသမျှ သောအမှုတို့တွင်လည်းကောင်း၊ ပညတ်တော် ကိုစောင့်ထိန်းရာ၌လည်းကောင်း၊ မိမိ၏ ဘုရားသခင်အားစိတ်ရောကိုယ်ပါ ဆည်း ကပ်လျက်ပြုတော်မူသည့်အတွက်အောင် မြင်ထမြောက်တော်မူ၏။