4. ထိုအပြင်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ထာဝရဘုရား၏ပညတ် ကျမ်းပြဋ္ဌာန်းချက်များကိုအချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ကြစေခြင်းငှာ သူ တို့ခံယူထိုက်သောလှူဖွယ်ပစ္စည်းများကို ယေရုရှလင်မြို့သူမြို့သားတို့ယူဆောင် လာကြရန်အမိန့်ပေးတော်မူ၏။-
5. အမိန့်တော်ကိုကြားလျှင်ကြားချင်းဣသရေလ ပြည်သူတို့သည်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ပျားရည်နှင့်အခြားလယ်ယာထွက်သီးနှံ လက်ဦးလက်ဖျားများ ကိုလည်းကောင်း၊ ရှိသမျှသောဥစ္စာများ၏ ဆယ်ပုံတစ်ပုံကိုလည်းကောင်းယူဆောင်လာ ကြလေသည်။-
6. ယုဒမြို့များတွင်နေထိုင်သူအပေါင်းတို့သည် လည်း မိမိတို့၏သိုးနွားဆယ်ပုံတစ်ပုံနှင့် လှူဖွယ်ပစ္စည်းအမြောက်အမြားကိုယူဆောင် လာပြီးလျှင် ထာဝရဘုရားအားဆက်ကပ် လှူဒါန်းကြ၏။-
7. ထိုလှူဖွယ်ပစ္စည်းများသည်တတိယလမှ အစပြု၍ နောက်လေးလတိုင်တိုင်ဆက်လက် ရောက်ရှိလာကာစုပုံလျက်နေလေ၏။-
8. မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
9. မင်းကြီးသည်ထိုလှူဖွယ်ပစ္စည်းများနှင့် ပတ်သက်၍ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အားမိန့်ကြားတော်မူသော အခါ၊-