4. ဗိမာန်တော်မုခ်ဦးဆောင်အနံသည်ဗိမာန် တော်၏အနံအတိုင်းပေသုံးဆယ်ရှိ၍ အမြင့် ပေတစ်ရာ့ရှစ်ဆယ်ရှိလေသည်။ ထိုမုခ်ဦး ဆောင်အတွင်းပိုင်းကိုရွှေစင်ဖြင့်မွမ်းမံ ထား၏။-
5. အခန်းမကြီးမှာစွန်ပလွံပင်နှင့် ကွန်ရွက် ပုံသဏ္ဌာန်များထုလုပ်ထားသောသစ်ကတိုး သားပျဉ်များတပ်ဆင်ကာရွှေဖြင့်မွမ်းမံ ထား၏။-
6. မင်းကြီးသည်ဗိမာန်တော်ကိုလှပသော ကျောက်မျက်ရတနာများဖြင့်ချယ်လှယ်၍ ပါရဝိမ်ပြည်မှတင်သွင်းသောရွှေဖြင့်မွမ်း မံတော်မူ၏။-
7. သူသည်ဗိမာန်တော်နံရံများ၊ ထုပ်များ၊ အဝင် လမ်းနှင့်တံခါးများကိုမွမ်းမံရန်အတွက်ရွှေ ကိုအသုံးပြုတော်မူသည်။ နံရံများအပေါ် တွင်လက်မှုပညာသည်တို့သည်ခေရုဗိမ် ရုပ်များကိုထွင်းထားကြ၏။-
8. အလွန်သန့်ရှင်းရာဌာနတော်ဟုနာမည်တွင် သောအတွင်းခန်းသည်အလျားမှာပေသုံးဆယ်၊ အနံမှာဗိမာန်တော်အနံအတိုင်းပေသုံးဆယ် ရှိ၏။ အလွန်သန့်ရှင်းရာဌာနတော်ကိုမွမ်းမံ ရန်ရွှေနှစ်ဆယ့်ငါးတန်ကိုအသုံးပြုတော် မူ၏။-
9. ရွှေသံမှိုများပြုလုပ်ရာတွင်ရွှေအောင်စနှစ် ဆယ်ကုန်လေသည်။ အထက်ခန်းများ၏နံရံ တို့ကိုလည်းရွှေဖြင့်မွမ်းမံထားသတည်း။
10. မင်းကြီးသည်မိမိ၏လက်မှုပညာသည်တို့ အားခေရုဗိမ်နှစ်ပါးရုပ်များကိုထုလုပ်စေ ၍ ရွှေနှင့်မွမ်းမံကာအလွန်သန့်ရှင်းရာဌာန တော်တွင်ထားရှိစေတော်မူ၏။-
14. အလွန်သန့်ရှင်းရာဌာနတော်အတွက်ပိတ်ချော ချည်မှစ၍အပြာ၊ အမောင်း၊ အနီချည်တို့ဖြင့် ပြီး၍ခေရုဗိမ်ရုပ်များဖြင့်ခြယ်လှယ်ထား သောကန့်လန့်ကာကိုလည်းယက်လုပ်ထား လေသည်။
15. မင်းကြီးသည်ငါးဆယ့်နှစ်ပေမြင့်သောတိုင် ကြီးနှစ်လုံးကိုသွန်းလုပ်ပြီးလျှင်ဗိမာန်တော် ၏ရှေ့တွင်ထားတော်မူ၏။ တိုင်ထိပ်တစ်ခုစီ ပေါ်တွင်ခုနစ်ပေခွဲမြင့်သောတိုင်အုပ်ရှိ၏။-
16. တိုင်ထိပ်များမှာထုလုပ်သောပန်းကုန်းနှင့် ကြေးဝါသလဲသီးတစ်ရာစီဖြင့်တန်ဆာ ဆင်ထားလေသည်။-
17. ထိုတိုင်ကြီးတို့ကိုဗိမာန်တော်အဝတစ်ဖက် တစ်ချက်တွင်ထားရှိ၍တောင်ဘက်ရှိတိုင်ကြီး ကိုယာခိန်၊ မြောက်ဘက်ရှိတိုင်ကြီးကိုဗောဇ ဟုသမုတ်သတည်း။