1-2. ရှောလမုန်မင်း၏ခမည်းတော်ဒါဝိဒ်မင်း သည် ဗိမာန်တော်တည်ဆောက်ရာအရပ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရပ်မှာ ယေရုရှလင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း ဖြစ်သည်။ ရှောလမုန်သည်ဗိမာန်တော်တည် ဆောက်မှုကိုနန်းစံစတုတ္ထနှစ်ဒုတိယလ ၌အစပြုသတည်း။-
3. ရှောလမုန်မင်းတည်ဆောက်တော်မူသည့်ဗိမာန် တော်သည်အလျားပေကိုးဆယ်၊ အနံပေ သုံးဆယ်ရှိ၏။-
4. ဗိမာန်တော်မုခ်ဦးဆောင်အနံသည်ဗိမာန် တော်၏အနံအတိုင်းပေသုံးဆယ်ရှိ၍ အမြင့် ပေတစ်ရာ့ရှစ်ဆယ်ရှိလေသည်။ ထိုမုခ်ဦး ဆောင်အတွင်းပိုင်းကိုရွှေစင်ဖြင့်မွမ်းမံ ထား၏။-
5. အခန်းမကြီးမှာစွန်ပလွံပင်နှင့် ကွန်ရွက် ပုံသဏ္ဌာန်များထုလုပ်ထားသောသစ်ကတိုး သားပျဉ်များတပ်ဆင်ကာရွှေဖြင့်မွမ်းမံ ထား၏။-
6. မင်းကြီးသည်ဗိမာန်တော်ကိုလှပသော ကျောက်မျက်ရတနာများဖြင့်ချယ်လှယ်၍ ပါရဝိမ်ပြည်မှတင်သွင်းသောရွှေဖြင့်မွမ်း မံတော်မူ၏။-
7. သူသည်ဗိမာန်တော်နံရံများ၊ ထုပ်များ၊ အဝင် လမ်းနှင့်တံခါးများကိုမွမ်းမံရန်အတွက်ရွှေ ကိုအသုံးပြုတော်မူသည်။ နံရံများအပေါ် တွင်လက်မှုပညာသည်တို့သည်ခေရုဗိမ် ရုပ်များကိုထွင်းထားကြ၏။-
8. အလွန်သန့်ရှင်းရာဌာနတော်ဟုနာမည်တွင် သောအတွင်းခန်းသည်အလျားမှာပေသုံးဆယ်၊ အနံမှာဗိမာန်တော်အနံအတိုင်းပေသုံးဆယ် ရှိ၏။ အလွန်သန့်ရှင်းရာဌာနတော်ကိုမွမ်းမံ ရန်ရွှေနှစ်ဆယ့်ငါးတန်ကိုအသုံးပြုတော် မူ၏။-
9. ရွှေသံမှိုများပြုလုပ်ရာတွင်ရွှေအောင်စနှစ် ဆယ်ကုန်လေသည်။ အထက်ခန်းများ၏နံရံ တို့ကိုလည်းရွှေဖြင့်မွမ်းမံထားသတည်း။
11-13. ခေရုဗိမ်နှစ်ပါးရုပ်များသည်တံခါးဝကို မျက်နှာမူလျက်တစ်ပါးနှင့်တစ်ပါးယှဉ်၍ ရပ်စေကြ၏။ သူတို့တွင်ခုနစ်ပေခွဲရှည်သော အတောင်နှစ်ခုစီရှိ၏။ သူတို့သည်အတောင် များကိုအနံပေသုံးဆယ်ရှိသောအခန်းကို ဖြတ်၍ဖြန့်ထားကြသဖြင့် အတောင်နှစ်ခု သည်အခန်းအလယ်တွင်အဖျားချင်းထိ လျက်အခြားအတောင်နှစ်ခုသည်နံရံ များနှင့်ထိလျက်နေ၏။-