1-2. ရှောလမုန်မင်း၏ခမည်းတော်ဒါဝိဒ်မင်း သည် ဗိမာန်တော်တည်ဆောက်ရာအရပ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရပ်မှာ ယေရုရှလင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း ဖြစ်သည်။ ရှောလမုန်သည်ဗိမာန်တော်တည် ဆောက်မှုကိုနန်းစံစတုတ္ထနှစ်ဒုတိယလ ၌အစပြုသတည်း။-
10. မင်းကြီးသည်မိမိ၏လက်မှုပညာသည်တို့ အားခေရုဗိမ်နှစ်ပါးရုပ်များကိုထုလုပ်စေ ၍ ရွှေနှင့်မွမ်းမံကာအလွန်သန့်ရှင်းရာဌာန တော်တွင်ထားရှိစေတော်မူ၏။-
11-13. ခေရုဗိမ်နှစ်ပါးရုပ်များသည်တံခါးဝကို မျက်နှာမူလျက်တစ်ပါးနှင့်တစ်ပါးယှဉ်၍ ရပ်စေကြ၏။ သူတို့တွင်ခုနစ်ပေခွဲရှည်သော အတောင်နှစ်ခုစီရှိ၏။ သူတို့သည်အတောင် များကိုအနံပေသုံးဆယ်ရှိသောအခန်းကို ဖြတ်၍ဖြန့်ထားကြသဖြင့် အတောင်နှစ်ခု သည်အခန်းအလယ်တွင်အဖျားချင်းထိ လျက်အခြားအတောင်နှစ်ခုသည်နံရံ များနှင့်ထိလျက်နေ၏။-