1. ဟေဇကိသည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့်ကိုးနှစ်နန်းစံရ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏သမီး အာဘိဖြစ်၏။-
2. သူသည်ဘေးတော်ဒါဝိဒ်မင်း၏စံနမူနာ ကိုလိုက်၍ ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။
3. ဟေဇကိသည်မိမိနန်းတက်သည့်နှစ် ပထမလ၌ ဗိမာန်တော်တံခါးများကို ပြန်လည်ဖွင့်လှစ်၍ပြုပြင်စေတော်မူ၏။-
4. သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အား ဗိမာန်တော်အရှေ့တံတိုင်းအတွင်း တွင်စုဝေးစေပြီးလျှင်၊-
5. မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
6. ငါတို့ဘိုးဘေးများသည်ငါတို့ဘုရားသခင်ထာဝရဘုရားကိုသစ္စာဖောက်၍ ကိုယ်တော်မနှစ်သက်သည့်အမှုတို့ကိုပြု ကြ၏။ သူတို့သည်ကိုယ်တော်ကိုစွန့်၍ စံတော်မူရာဌာနကိုကျောခိုင်းကြ၏။-
7. သူတို့သည်ဗိမာန်တော်တံခါးများကို ပိတ်ထားပြီးလျှင် မီးခွက်များတွင်မီးငြိမ်း စေကာဣသရေလအမျိုးသားတို့ ဘုရားသခင်၏ဗိမာန်တော်၌နံ့သာပေါင်းကို မီးရှို့ပူဇော်မှုမပြုကြ။ မီးရှို့ရာပူဇော် သကာများကိုလည်းမဆက်သကြ။-
12-14. ထိုအရပ်၌ရှိသောလေဝိအနွယ်ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ကောဟပ်သားချင်း စုမှအာမသဲ၏သားမာဟတ်နှင့်အာဇရိ ၏သားယောလ။ မေရာရိသားချင်းစုမှအာ ဗဒိ၏သားကိရှနှင့်ယေဟလေလ၏သား အာဇရိ။ ဂေရရှုံသားချင်းစုမှဇိမ္မ၏သား ယောအာနှင့်ယောအာ၏သားဧဒင်။ ဧလိ ဇဖန်သားချင်းစုမှရှိမရိနှင့်ယေယေလ။ အာသပ်သားချင်းစုမှဇာခရိနှင့်မတ္တနိ။ ဟေမန်သားချင်းစုမှယေဟေလနှင့်ရှိမိ။ ယေဒုသုန်သားချင်းစုမှရှေမာယနှင့် သြဇေလ။