၂ ရာ​ချုပ် 29:1-2 Common Language Bible (BCL)

1. ဟေ​ဇ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏​သ​မီး အာ​ဘိ​ဖြစ်​၏။-

2. သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။

12-14. ထို​အ​ရပ်​၌​ရှိ​သော​လေဝိ​အ​နွယ်​ဝင်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကော​ဟပ်​သား​ချင်း စု​မှ​အာ​မ​သဲ​၏​သား​မာ​ဟတ်​နှင့်​အာ​ဇ​ရိ ၏​သား​ယော​လ။ မေ​ရာ​ရိ​သား​ချင်း​စု​မှ​အာ ဗ​ဒိ​၏​သား​ကိ​ရှ​နှင့်​ယေ​ဟ​လေ​လ​၏​သား အာ​ဇ​ရိ။ ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​ဇိမ္မ​၏​သား ယော​အာ​နှင့်​ယော​အာ​၏​သား​ဧ​ဒင်။ ဧ​လိ ဇ​ဖန်​သား​ချင်း​စု​မှ​ရှိ​မ​ရိ​နှင့်​ယေ​ယေ​လ။ အာ​သပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မတ္တ​နိ။ ဟေ​မန်​သား​ချင်း​စု​မှ​ယေ​ဟေ​လ​နှင့်​ရှိ​မိ။ ယေ​ဒု​သုန်​သား​ချင်း​စု​မှ​ရှေ​မာ​ယ​နှင့် သြ​ဇေ​လ။

၂ ရာ​ချုပ် 29