23. သူသည်မိမိအားနှိမ်နင်းခဲ့သည့်အာရှုရိ အမျိုးသားတို့၏ဘုရားများကိုယဇ်ပူဇော် လေ၏။ သူက``အာရှုရိဘုရားတို့သည် အာရှုရိဘုရင်များကိုကူမကြ၏။ သို့ ဖြစ်၍သူတို့အားငါယဇ်ပူဇော်ပါက သူတို့သည် ငါ့ကိုလည်းကူမကောင်းကူမ ကြလိမ့်မည်'' ဟုဆို၏။ သို့ရာတွင်ထိုအမှု တို့သည် သူနှင့်သူ၏ပြည်သူတို့အပေါ် သို့ဘေးအန္တရာယ်ဆိုက်ရောက်စေလေသည်။-
24. ထို့အပြင်အာခတ်သည်ဗိမာန်တော်အသုံး အဆောင်ရှိသမျှကိုယူ၍ အပိုင်းပိုင်းချိုးဖဲ့ ၏။ ဗိမာန်တော်တံခါးတို့ကိုလည်းပိတ်ထား လိုက်ပြီးလျှင် ယေရုရှလင်မြို့၌အနှံ့ အပြားယဇ်ပလ္လင်များကိုတည်လေသည်။-
25. သူသည်ယုဒပြည်မြို့ကြီးမြို့ငယ်ဟူသမျှ တွင် လူမျိုးခြားသားများ၏ဘုရားများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းတည်ဆောက်၏။ ဤနည်း အားဖြင့်မိမိအပေါ်သို့ ဘိုးဘေးများ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော် ကိုသက်ရောက်စေလေသည်။