၂ ရာ​ချုပ် 28:2-9 Common Language Bible (BCL)

2. ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ်​ကို​လိုက်​၏။ သူ​သည်​ဗာ​လ​ဘု​ရား​၏​ရုပ်​တု​များ​ကို သွန်း​လုပ်​စေ​၍၊-

3. ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို အ​တု​ခိုး​၍ မိ​မိ​၏​သား​တော်​များ​ကို​ပင် မီး​ရှို့​၍​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​ရုပ်​တု တို့​အား​ပူ​ဇော်​လေ​သည်။-

4. ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​၌​လည်း​ကောင်း၊ တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​အောက်​၌ လည်း​ကောင်း​အာ​ခတ်​သည်​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။

5-6. အာ​ခတ်​သည်​အ​ပြစ်​ပြု​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ရှု​ရိ​ဘု​ရင်​အား​သူ့​ကို​နှိမ်​နင်း​၍ ယု​ဒ​ပြည် သူ​အ​မြောက်​အ​မြား​ကို​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဒ​မာ​သက်​မြို့​သို့​သိမ်း​သွား​ခွင့်​ပေး​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​မ​လိ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ​အား​အာ​ခတ်​ကို နှိမ်​နင်း​၍​တစ်​နေ့​ချင်း​တွင် ယု​ဒ​တပ်​သား တစ်​သိန်း​နှစ်​သောင်း​ကို​လည်း​သတ်​ဖြတ်​ခွင့် ပေး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​စွန့်​ပစ်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ဤ​သို့​ဖြစ်​ပျက်​စေ​တော်​မူ​ခြင်း​ဖြစ် သ​တည်း။-

7. ဇိ​ခ​ရိ​ဆို​သူ​ဣ​သ​ရေ​လ​တပ်သား​တစ်​ယောက် သည် အာ​ခတ်​၏​သား​တော်​မာ​သေ​ယ၊ နန်း​တော် အုပ်​ချုပ်​ရေး​မှူး​အာ​ဇ​ရိ​ကံ​နှင့်​ဘု​ရင့်​အ​မတ် ချုပ်​ဧ​လ​ကာ​န​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ် လိုက်​လေ​သည်။-

8. ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​မိ​မိ​တို့​၏​ဆွေ မျိုး​သား​ချင်း​ဖြစ်​ကြ​သော​အ​မျိုး​သား​တို့ အ​နက် ယု​ဒ​အ​မျိုး​သ​မီး​နှင့်​က​လေး​နှစ်​သိန်း ကို​ဖမ်း​ဆီး​၍​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား နှင့်​တ​ကွ​ရှ​မာ​ရိ​မြို့​သို့​သိမ်း​သွား​ကြ​၏။

9. သြ​ဒက်​အ​မည်​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော ဖက်​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​၏။ သူ​သည် တိုက်​ပွဲ​မှ​ပြန်​လာ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​မြို့​အ​ဝင်​ဝ​မှ​ဆီး​ကြို​ပြီး​လျှင်``သင် တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​အား​သူ​တို့​ကို နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​၏။ သို့​ရာ​တွင်​သင် တို့​သည်​မိ​မိ​တို့​အ​မျက်​ဒေါ​သ​ကို​မ​ချုပ် တည်း​ဘဲ​သုတ်​သင်​သတ်​ဖြတ်​မှု​ကို​ပြု​ခဲ့ ကြ​၏။-

၂ ရာ​ချုပ် 28