19. ယုဒဘုရင်အာခတ်သည်ပြည်သူတို့အား အခွင့်အရေးများဆုံးရှုံးစေလျက် ထာဝရ ဘုရားကိုသစ္စာဖောက်သဖြင့်ထာဝရဘုရား သည် ယုဒပြည်ကိုဒုက္ခရောက်စေတော်မူ၏။-
20. သို့ဖြစ်၍အာရှုရိဧကရဇ်မင်းတိဂလတ် ပိလေသာသည် အာခတ်အားအကူအညီ ပေးမည့်အစားဆန့်ကျင်ဘက်ပြု၍ဒုက္ခ ရောက်စေ၏။-
21. အာခတ်သည်ဗိမာန်တော်၊ နန်းတော်နှင့်ပြည် သူခေါင်းဆောင်များ၏အိမ်တို့မှရွှေ၊ ငွေ၊ ဘဏ္ဍာရှိသမျှကိုယူ၍အာရှုရိဘုရင် အားပေးသော်လည်းအကျိုးမရှိချေ။
22. ဤသို့အာခတ်မင်းသည်အခြေအနေ အဆိုးရွားဆုံးအချိန်၌ ထာဝရဘုရား အားယခင်ကထက်ပို၍ပြစ်မှားလေသည်။-
23. သူသည်မိမိအားနှိမ်နင်းခဲ့သည့်အာရှုရိ အမျိုးသားတို့၏ဘုရားများကိုယဇ်ပူဇော် လေ၏။ သူက``အာရှုရိဘုရားတို့သည် အာရှုရိဘုရင်များကိုကူမကြ၏။ သို့ ဖြစ်၍သူတို့အားငါယဇ်ပူဇော်ပါက သူတို့သည် ငါ့ကိုလည်းကူမကောင်းကူမ ကြလိမ့်မည်'' ဟုဆို၏။ သို့ရာတွင်ထိုအမှု တို့သည် သူနှင့်သူ၏ပြည်သူတို့အပေါ် သို့ဘေးအန္တရာယ်ဆိုက်ရောက်စေလေသည်။-
24. ထို့အပြင်အာခတ်သည်ဗိမာန်တော်အသုံး အဆောင်ရှိသမျှကိုယူ၍ အပိုင်းပိုင်းချိုးဖဲ့ ၏။ ဗိမာန်တော်တံခါးတို့ကိုလည်းပိတ်ထား လိုက်ပြီးလျှင် ယေရုရှလင်မြို့၌အနှံ့ အပြားယဇ်ပလ္လင်များကိုတည်လေသည်။-