၂ ရာ​ချုပ် 28:14-22 Common Language Bible (BCL)

14. သို့​ဖြစ်​၍​တပ်​မ​တော်​သား​တို့​သည်​ပြည် သူ​များ​နှင့် ခေါင်း​ဆောင်​များ​လက်​သို့​သုံ့​ပန်း များ​နှင့်​လက်​ရ​ပစ္စည်း​များ​ကို​ပေး​အပ် လိုက်​ကြ​၏။-

15. ပြည်​သူ​တို့​သည်​သုံ့​ပန်း​များ​အား​လက်​ရ ပစ္စည်း​များ​ထဲ​က အ​ဝတ်​အ​စား​ဝေငှ​ပေး​ရေး အ​တွက်​အ​ကြီး​အ​ကဲ​လေး​ဦး​ကို​ခန့်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​သုံ့​ပန်း​များ​ဝတ် ဆင်​ရန်​အ​ဝတ်​အ​စား​များ၊ ဖိ​နပ်​များ​နှင့် စား​ရန်​အ​စား​အ​စာ​အ​လုံ​အ​လောက်​ကို ပေး​၍ သူ​တို့​၏​ဒဏ်​ရာ​များ​ကို​သံ​လွင်​ဆီ နှင့်​လိမ်း​ပေး​ကြ​၏။ အား​နည်း​သူ​တို့​ကို မြည်း​စီး​စေ​လျက် ယု​ဒ​နယ်​မြေ​ရှိ​စွန် ပ​လွံ​မြို့​ခေါ်​ယေ​ရိ​ခေါ​မြို့​သို့​အ​ရောက် ပို့​ကြ​၏။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရှ​မာ​ရိ​မြို့​သို့​ပြန်​ကြ​၏။

16-17. ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ကို​တစ်​ဖန် လာ​ရောက်​တိုက်​ခိုက်​ကာ သုံ့​ပန်း​အ​မြောက်​အမြား ကို​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သ​ဖြင့် အာ​ခတ်​မင်း သည်​အာ​ရှု​ရိ​ဘု​ရင်​ထံ​အ​ကူ​အ​ညီ​တောင်း ခံ​လေ​သည်။-

18. ထို​အ​ချိန်​ကာ​လ​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​နှင့်​အ​နောက် ဘက်​ရှိ​တောင်​ခြေ​ရင်း​မြို့​များ​ကို​တိုက်​ခိုက် ကြ​၏။ သူ​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန် မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့၊ တိ​မ​နာ​မြို့၊ ဂိ​မ​ဇော​မြို့​များ​နှင့်​ကျေး​ရွာ​များ​ကို​သိမ်း ယူ​ပြီး​လျှင် ထို​မြို့​ရွာ​တို့​တွင်​အတည်​တ​ကျ နေ​ထိုင်​ကြ​လေ​သည်။-

19. ယု​ဒ​ဘု​ရင်​အာခတ်​သည်​ပြည်​သူ​တို့​အား အ​ခွင့်​အ​ရေး​များ​ဆုံး​ရှုံး​စေ​လျက် ထာ​ဝရ ဘု​ရား​ကို​သစ္စာ​ဖောက်​သ​ဖြင့်​ထာ​ဝရ​ဘု​ရား သည် ယု​ဒ​ပြည်​ကို​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။-

20. သို့​ဖြစ်​၍​အာ​ရှု​ရိ​ဧ​က​ရဇ်​မင်း​တိ​ဂ​လတ် ပိ​လေ​သာ​သည် အာ​ခတ်​အား​အ​ကူ​အ​ညီ ပေး​မည့်​အ​စား​ဆန့်​ကျင်​ဘက်​ပြု​၍​ဒုက္ခ ရောက်​စေ​၏။-

21. အာ​ခတ်​သည်​ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ပြည် သူ​ခေါင်း​ဆောင်​များ​၏​အိမ်​တို့​မှ​ရွှေ၊ ငွေ၊ ဘဏ္ဍာ​ရှိ​သ​မျှ​ကို​ယူ​၍​အာ​ရှု​ရိ​ဘု​ရင် အား​ပေး​သော်​လည်း​အ​ကျိုး​မ​ရှိ​ချေ။

22. ဤ​သို့​အာ​ခတ်​မင်း​သည်​အ​ခြေ​အ​နေ အ​ဆိုး​ရွား​ဆုံး​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား အား​ယ​ခင်​က​ထက်​ပို​၍​ပြစ်​မှား​လေ​သည်။-

၂ ရာ​ချုပ် 28