1. အာခတ်သည်အသက်နှစ်ဆယ်၌နန်းတက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်း စံရလေသည်။ သူသည်ဘေးတော်ဒါဝိဒ်မင်း ၏ကောင်းသောစံနမူနာကိုမလိုက်ဘဲ ထာဝရဘုရားမနှစ်သက်သောအမှုတို့ ကိုပြု၍၊-
2. ဣသရေလဘုရင်တို့၏လမ်းစဉ်ကိုလိုက်၏။ သူသည်ဗာလဘုရား၏ရုပ်တုများကို သွန်းလုပ်စေ၍၊-
3. ဟိန္နုံချိုင့်ဝှမ်းတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်၏။ သူသည်ဣသရေလအမျိုးသား တို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်ဋ္ဌလေ့ထုံးစံတို့ကို အတုခိုး၍ မိမိ၏သားတော်များကိုပင် မီးရှို့၍ပူဇော်သကာအဖြစ်ဖြင့်ရုပ်တု တို့အားပူဇော်လေသည်။-
4. ရုပ်တုကိုးကွယ်ရာဌာနများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့အောက်၌ လည်းကောင်းအာခတ်သည်ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့၏။
7. ဇိခရိဆိုသူဣသရေလတပ်သားတစ်ယောက် သည် အာခတ်၏သားတော်မာသေယ၊ နန်းတော် အုပ်ချုပ်ရေးမှူးအာဇရိကံနှင့်ဘုရင့်အမတ် ချုပ်ဧလကာနတို့ကိုလုပ်ကြံသတ်ဖြတ် လိုက်လေသည်။-
8. ဣသရေလတပ်မတော်သည်မိမိတို့၏ဆွေ မျိုးသားချင်းဖြစ်ကြသောအမျိုးသားတို့ အနက် ယုဒအမျိုးသမီးနှင့်ကလေးနှစ်သိန်း ကိုဖမ်းဆီး၍လက်ရပစ္စည်းအမြောက်အမြား နှင့်တကွရှမာရိမြို့သို့သိမ်းသွားကြ၏။
9. သြဒက်အမည်ရှိထာဝရဘုရား၏ပရော ဖက်သည် ရှမာရိမြို့တွင်နေထိုင်၏။ သူသည် တိုက်ပွဲမှပြန်လာသောဣသရေလတပ်မ တော်ကိုမြို့အဝင်ဝမှဆီးကြိုပြီးလျှင်``သင် တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည်ယုဒပြည်သူတို့ကိုအမျက် ထွက်တော်မူသဖြင့် သင်တို့အားသူတို့ကို နှိမ်နင်းခွင့်ပေးတော်မူ၏။ သို့ရာတွင်သင် တို့သည်မိမိတို့အမျက်ဒေါသကိုမချုပ် တည်းဘဲသုတ်သင်သတ်ဖြတ်မှုကိုပြုခဲ့ ကြ၏။-
10. ယခုအခါ၌လည်းယေရုရှလင်မြို့သူမြို့ သားများနှင့်ယုဒပြည်သူတို့အားကျွန်ခံ စေရန် သင်တို့အကြံရှိကြပါသည်တကား။ သင်တို့သည်လည်းသင်တို့ဘုရားသခင် ထာဝရဘုရားကိုပြစ်မှားသူများဖြစ် သည်ကိုမသိကြပါသလော။-
11. ငါ့စကားကိုနားထောင်ကြလော့။ ဤသုံ့ပန်း များသည် ငါတို့၏ညီအစ်ကိုများဖြစ်ပေ သည်။ သူတို့ကိုပြန်၍လွှတ်လိုက်ကြလော့။ သို့မဟုတ်ပါမူဘုရားသခင်သည်အမျက် တော်ထွက်၍ သင်တို့အားဒဏ်ခတ်တော်မူ လိမ့်မည်'' ဟုပြော၏။
12. ထိုအခါမြောက်ပိုင်းနိုင်ငံအကြီးအကဲ လေးဦးဖြစ်ကြသော ယောဟနန်၏သား အာဇရိ၊ မေရှိလေမုတ်၏သားဗေရခိ၊ ရှလ္လုံ ၏သားဟေဇကိနှင့် ဟာဒလဲ၏သား အာမသာတို့သည်လည်း တပ်မတော်၏ အပြုအမူကိုကန့်ကွက်ကြလေသည်။-