6. ယောသံသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကို တစ်သမတ်တည်း လိုက်နာသဖြင့်တန်ခိုးကြီးလာ၏။-
7. ယောသံ၏နန်းသက်အတွင်းဖြစ်ပျက်သည့် အခြားအမှုအရာများ၊ သူဆင်နွှဲသည့် စစ်ပွဲများနှင့်သူချမှတ်သည့်မူဝါဒများ ကိုဣသရေလရာဇဝင်နှင့်ယုဒရာဇဝင် တို့တွင်ရေးထားသတည်း။-
8. ယောသံသည်အသက်နှစ်ဆယ့်ငါးနှစ်၌နန်း တက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက် နှစ်နန်းစံရလေသည်။-
9. သူကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်တွင်သင်္ဂြိုဟ်ကြ၏။ သားတော်အာခတ် သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။