၂ ရာ​ချုပ် 27:1-5 Common Language Bible (BCL)

1. ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဇာ​ဒုတ်​၏​သ​မီး​ယေ​ရု​ရှာ​ဖြစ်​၏။-

2. သူ​သည်​ခ​မည်း​တော်​နည်း​တူ​ထာ​ဝရ​ဘု​ရား ၏​မျက်​မှောက်​တော်​၌ ဖြောင့်​မှန်​သော​အ​မှု​တို့ ကို​ပြု​၏။ သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော် ကဲ့​သို့ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍​အ​ပြစ်​မ​ကူး လွန်​ချေ။ ပြည်​သူ​တို့​မူ​ကား​အ​ပြစ်​ကူး​မြဲ ကူး​လွန်​လျက်​နေ​ကြ​လေ​သည်။

3. ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​ပြု​လုပ်​၍ ယေ​ရု​ရှ​လင်​မြို့၊ သြ​ဖေ​လ​အ​ရပ်​ရှိ​မြို့ ရိုး​ကို​အ​လွန်​ခိုင်​ခံ့​စေ​သူ​မှာ​ယော​သံ​ပင် ဖြစ်​၏။-

4. သူ​သည်​ယု​ဒ​တောင်​ရိုး​များ​ပေါ်​တွင်​မြို့ များ​ကို​တည်​၍ တောင်​ကုန်း​မြင့်​များ​တွင် ခံ​တပ်​များ​နှင့်​မျှော်​စင်​များ​ကို​တည် ဆောက်​ခဲ့​၏။

5. အမ္မုန်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက် ခိုက်​နှိမ်​နင်း​ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့ အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဖြင့်​တစ်​နှစ် လျှင်​ငွေ​ချိန်​လေး​တန်၊ ဂျုံ​ဆန်​တင်း​ငါး​သောင်း နှင့် မု​ယော​ဆန်​တင်း​ငါး​သောင်း​ကို​သုံး​နှစ် တိုင်​တိုင်​ပေး​ဆက်​စေ​လေ​သည်။-

၂ ရာ​ချုပ် 27