1. ယုဒပြည်သူအပေါင်းတို့သည်အာမဇိ၏ သားတော်အသက်တစ်ဆယ့်ခြောက်နှစ်ရှိ သြဇိကို ဘုရင်အဖြစ်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံစေရန်ရွေးချယ် ကြလေသည်။-
2. (ဧလုတ်မြို့ကိုသြဇိပြန်လည်သိမ်းယူ၍ ပြန်လည်တည်ဆောက်သည်မှာအာမဇိ ကွယ်လွန်ပြီးမှဖြစ်၏။)
3. သြဇိသည်အသက်တစ်ဆယ့်ခြောက်နှစ်၌ နန်းတက်၍ ယေရုရှလင်မြို့တွင်ငါးဆယ့် နှစ်နှစ်တိုင်တိုင်နန်းစံလေသည်။ သူ၏မယ် တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။-
4. သူသည်ခမည်းတော်၏စံနမူနာကိုယူ၍ ထာဝရဘုရား၏မျက်မှောက်တော်၌ဖြောင့်မှန် သောအမှုတို့ကိုပြု၏။-
5. သူသည်မိမိ၏ဘာသာရေးအတိုင်ပင်ခံ ဇာခရိအသက်ရှင်လျက်နေသမျှကာလ ပတ်လုံး ထာဝရဘုရားအားသစ္စာနှင့်ကိုး ကွယ်သဖြင့်ဘုရားသခင်သည်သူ့အား ကောင်းချီးပေးတော်မူ၏။
6. သြဇိသည်ဖိလိတ္တိအမျိုးသားတို့အား စစ် ဆင်တိုက်ခိုက်ကာ ဂါသမြို့၊ ယာဗနေမြို့နှင့် အာဇုတ်မြို့တို့၏မြို့ရိုးများကိုဖြိုချပြီး လျှင်အာဇုတ်မြို့အနီးနှင့်ဖိလိတ္တိပြည်အခြား ဒေသများ၌တံတိုင်းကာရံထားသောမြို့ များကိုတည်ထောင်တော်မူ၏။-
7. သူ့အားဘုရားသခင်သည်ဖိလိတ္တိအမျိုးသား များ၊ ဂုရဗာလမြို့တွင်နေထိုင်သောအာရပ် အမျိုးသားများ၊ မဟုနိမ်အမျိုးသားများ ကိုနှိမ်နင်းရန်ကူမတော်မူသည်။-