4. သို့ရာတွင်သူတို့၏သားသမီးတို့ကိုကား``မိ ဘတို့သည်သားသမီးတို့ကူးလွန်သည့်ပြစ်မှု ကြောင့်အသတ်မခံစေရ။ သားသမီးတို့သည် လည်းမိဘတို့ကူးလွန်သည့်ပြစ်မှုကြောင့် အသတ်မခံစေရ။ မည်သူမဆိုမိမိကူး လွန်သည့်ပြစ်မှုကြောင့်သာအသတ်ခံစေရ မည်'' ဟူ၍မောရှေ၏ပညတ်ကျမ်းတွင်ပါ ရှိသည့်ထာဝရဘုရား၏ပညတ်တော်နှင့် အညီမကွပ်မျက်ချေ။
5. အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
6. အာမဇိသည်ထိုသူများအပြင်ဣသရေလ ပြည်မှ စစ်သည်တစ်သိန်းကိုလည်းငွေလေး တန်ပေး၍ငှားရမ်းလေသည်။-
7. သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။-
8. စစ်ပွဲတွင်သူတို့ပါရှိခြင်းအားဖြင့်ပိုမို အင်အားတောင့်တင်းလိမ့်မည်ဟု မင်းကြီး ထင်မှတ်ကောင်းထင်မှတ်ပါလိမ့်မည်။ သို့ သော်လည်းဘုရားသခင်သည်စစ်ပွဲအနိုင် အရှုံးကိုပေးပိုင်သောတန်ခိုးရှင်ဖြစ်တော် မူသဖြင့် ထိုသူတို့နှင့်အရှင်မင်းကြီး မဟာမိတ်ဖွဲ့ပါမူမင်းကြီးအားရန်သူ တို့လက်တွင်အရေးရှုံးနိမ့်စေတော်မူ လိမ့်မည်''ဟုလျှောက်ထား၏။
9. ထိုအခါအာမဇိကပရောဖက်အား``ထို သူတို့အားပေးထားသည့်ငွေအချည်းနှီး ဖြစ်ရမည်လော'' ဟုမေးတော်မူ၏။ပရောဖက်က``ဘုရားသခင်သည်ထိုငွေ ထက်များစွာပေးတော်မူနိုင်၏'' ဟုဆို လေ၏။-
10. သို့ဖြစ်၍အာမဇိသည်ငှားရမ်းထားသည့် တပ်သားတို့ကို မိမိနေရပ်သို့ပြန်စေတော် မူ၏။ ထိုအခါသူတို့သည်ယုဒပြည်သူ တို့အားအလွန်အမျက်ထွက်လျက် မိမိတို့ နေရပ်သို့ပြန်သွားကြ၏။
11. အာမဇိသည်အားခဲ၍မိမိ၏တပ်မတော် ကိုဦးဆောင်ကာ ပင်လယ်သေတောင်ဘက်ရှိ ဆားချိုင့်ဝှမ်းသို့ချီတက်တော်မူ၏။ ထို အရပ်တွင်တိုက်ပွဲဖြစ်၍ဧဒုံတပ်သား တစ်သောင်းကျဆုံးလေသည်။-
12. ယုဒတပ်မတော်သည်သုံ့ပန်းတစ်သောင်းကို ဖမ်းဆီးရမိသဖြင့် သူတို့အားသေလမြို့ ကျောက်တောင်ထိပ်သို့ခေါ်ဆောင်ကာကျောက် ပေါ်ကျ၍သေစေရန်အောက်သို့တွန်းချ ကြ၏။
13. ဤအတောအတွင်း၌မိမိနှင့်အတူစစ်ပွဲ ဝင်ရန် အာမဇိအခွင့်မပြုခဲ့သည့်ဣသရေလ တပ်သားတို့သည် ရှမာရိမြို့နှင့်ဗေသောရုန် မြို့စပ်ကြားတွင်ရှိသောယုဒမြို့များကို တိုက်ခိုက်ကာ လူသုံးထောင်ကိုသတ်၍ပစ္စည်း အမြောက်အမြားကိုသိမ်းသွားကြလေ သည်။
14. အာမဇိသည်ဧဒုံအမျိုးသားတို့ကိုနှိမ် နင်းရာမှပြန်လာသောအခါ ထိုသူတို့ ကိုးကွယ်သည့်ရုပ်တုများကိုမိမိနှင့် အတူယူဆောင်လာလေသည်။ မင်းကြီး သည်ယင်းတို့ကိုတည်ထားကိုးကွယ်ကာ နံ့သာပေါင်းကိုမီးရှို့ပူဇော်တော်မူ၏။-
15. သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။
16. ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
17. ယုဒဘုရင်အာမဇိသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်ပြီးနောက် ယေဟု၏မြေး၊ ယောခတ်၏သားယဟောရှ ထံသို့သံတမန်စေလွှတ်၍ မိမိနှင့်စစ်ပြိုင် ရန်စိန်ခေါ်လိုက်လေသည်။-
18. ယဟောရှက``အခါတစ်ပါး၌လေဗနုန် တောင်ထိပ်တွင် ဆူးပင်သည်သစ်ကတိုးပင် ထံစေတမန်လွှတ်၍`သင်၏သမီးကိုငါ့ သားနှင့်ပေးစားပါလော့' ဟုပြောကြား စဉ်အနီးမှဖြတ်၍လာသောတောတိရစ္ဆာန် သည်ထိုဆူးခြုံကိုနင်းချေလိုက်လေသည်။-
19. အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။