၂ ရာ​ချုပ် 25:23-26 Common Language Bible (BCL)

23. ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-

24. သူ​သည်​သြ​ဗ​ဒေ​ဒုံ​၏​သား​မြေး​များ​စောင့် ကြပ်​သော​ဗိ​မာန်​တော်​ထဲ​ရှိ ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​နှင့်​နန်း​တော် ရှိ​ဘဏ္ဍာ​များ​ကို​ယူ​၍ ရှ​မာ​ရိ​မြို့​သို့​ပြန် သွား​တော်​မူ​၏။ မင်း​ကြီး​သည်​ဋ္ဌား​စား​ခံ များ​ကို​လည်း​ခေါ်​ဆောင်​ခဲ့​၏။

25. ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​သည့်​နောက် တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​၏။-

26. နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင်​အောင်​အာ​မ​ဇိ ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

၂ ရာ​ချုပ် 25