11. နေ့စဉ်နေ့တိုင်းလေဝိအနွယ်ဝင်တို့သည် ထို သေတ္တာကိုတာဝန်ခံအရာရှိထံသို့ယူ ဆောင်သွားရကြလေသည်။ သေတ္တာပြည့် သည့်အခါတိုင်းဘုရင့်အတွင်းဝန်နှင့်ယဇ် ပုရောဟိတ်မင်း၏ကိုယ်စားလှယ်တစ်ဦး သည်လာ၍ ငွေများကိုထုတ်ယူပြီးလျှင် သေတ္တာကိုနေရာတကျပြန်၍ထားရ ကြ၏။ ဤနည်းအားဖြင့်သူတို့သည်ငွေ အမြောက်အမြားကိုရရှိကြလေသည်။
12. မင်းကြီးနှင့်ယောယဒသည် ထိုငွေကိုဗိမာန် တော်မွမ်းမံပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူ များ၏လက်သို့ပေးအပ်ကြ၏။ ကြီးကြပ်သူ တို့သည်မွမ်းမံပြင်ဆင်မှုအတွက် ပန်းရန် သမား၊ လက်သမား၊ ပန်းပဲ၊ ပန်းတဉ်း သမားတို့ကိုငှားရမ်းကြ၏။-
13. ထိုအလုပ်သမားအားလုံးပင်အလုပ်ကို ကြိုးစားလုပ်ကိုင်လျက် ဗိမာန်တော်ကိုနဂို အတိုင်းခိုင်ခိုင်ခံ့ခံ့ပြန်လည်ရောက်ရှိစေ ကြ၏။-
14. သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-
15. သူသည်အလွန်အို၍အသက်တစ်ရာ့သုံး ဆယ်ရှိသောအခါကွယ်လွန်လေသည်။-
16. ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။