1. ယောရှသည်သက်တော်ခုနစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌အနှစ်လေးဆယ်တိုင်တိုင်နန်းစံ လေသည်။ သူ၏မယ်တော်မှာဗေရရှေဘမြို့ သူဇိဗိဖြစ်၏။-
2. သူသည်ယဇ်ပုရောဟိတ်ယောယဒအသက် ရှင်သမျှကာလပတ်လုံး ထာဝရဘုရား နှစ်သက်တော်မူသောအမှုကိုပြု၏။-
3. ယောယဒသည်ယောရှအတွက်မိဖုရား နှစ်ပါးကိုရွေးချယ်ပေး၏။ ယောရှသည် လည်းထိုမိဖုရားများဖြင့်သားသမီး များကိုရရှိလေသည်။