3. ထိုသူတို့သည်ဗိမာန်တော်တွင်စုဝေး၍ ဘုရင့် သားတော်ယောရှနှင့်ပဋိညာဉ်ပြုကြ၏။ ယော ယဒကသူတို့အား``ကွယ်လွန်သောဘုရင် ၏သားတော်သည်ဤတွင်ရှိပါ၏။ ဒါဝိဒ်မင်း ၏သားမြေးများအတွက် ထာဝရဘုရား ကတိထားတော်မူခဲ့သည့်အတိုင်းသူသည် ယခုနန်းတက်ရမည်ဖြစ်သည်။-
4. ငါတို့အဘယ်သို့ဆောင်ရွက်ရကြမည်ကို ဖော်ပြပါအံ့။ ဥပုသ်နေ့၌တာဝန်ကျ၍ ရောက်ရှိလာသောလေဝိအနွယ်ဝင်တို့ အနက်သုံးပုံတစ်ပုံမှာဗိမာန်တော်အဝင် တံခါးကိုစောင့်ကြပ်ရကြမည်။-
5. အခြားသုံးပုံတစ်ပုံသည်နန်းတော်ကို လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံသည်မြင်း တံခါးကိုလည်းကောင်းစောင့်ကြပ်ရမည်။ လူအပေါင်းတို့ကဗိမာန်တော်ဝင်းအတွင်း ၌စုရုံးရကြမည်။-
6. တာဝန်ကျသူယဇ်ပုရောဟိတ်များနှင့် လေဝိအနွယ်ဝင်များမှတစ်ပါး အဘယ်သူ မျှဗိမာန်တော်အဆောက်အအုံများထဲ သို့မဝင်ရ။ ထိုသူတို့သည်ထာဝရဘုရား အားဆက်ကပ်ပူဇော်ထားသူများဖြစ် သဖြင့် ဝင်နိုင်ခွင့်ရှိသော်လည်းအခြား သူအပေါင်းတို့မူကားအပြင်တွင် နေရကြမည်။-
7. လေဝိအနွယ်ဝင်တို့သည်မင်းလောင်း၏ပတ် လည်တွင် ဋ္ဌားလွတ်များကိုကိုင်၍စောင့်ကြပ် ရကြမည်။ မင်းလောင်းသွားလေရာသို့လိုက် ရကြမည်။ ဗိမာန်တော်သို့ဝင်ရန်ကြိုးစားသူ ဟူသမျှကိုသတ်ရမည်'' ဟုမှာကြားထား လေသည်။
8. လေဝိအနွယ်ဝင်များနှင့်ယုဒပြည်သူ အပေါင်းတို့သည် ယောယဒ၏အမိန့်ကို နာခံကြလေသည်။ ဥပုသ်နေ့၌သူတို့သည် မိမိတို့တာဝန်ချိန်ကုန်ဆုံးသွားသော်လည်း အိမ်သို့မပြန်ရကြ။ သို့ဖြစ်၍တာဝန်မှူး တို့သည်တာဝန်ကျသူများနှင့် တာဝန် ပြီးဆုံးသူများကိုပါခေါ်ယူစေခိုင်း နိုင်ကြ၏။-
9. ယောယဒသည်ဗိမာန်တော်တွင်ဒါဝိဒ်ထား ရှိသည့်လှံများနှင့် ဒိုင်းလွှားများကိုအစောင့် တပ်မှူးတို့အားပေးအပ်လေသည်။-
10. သူသည်မင်းလောင်းအားစောင့်ရှောက်ကြည့်ရှုရန် ဋ္ဌားလွတ်ကိုင်တပ်သားများကိုဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်နေရာယူစေ၏။-