15. ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။-
16. နက်ဖြန်ထိုသူတို့ဇိဇမြို့တောင်ကြားလမ်း သို့ချီတက်လာသောအခါ သူတို့အားတိုက် ခိုက်ကြလော့။ သင်တို့သည်ယေရွေလအနီး တောကန္တာရသို့သွားရာချိုင့်ဝှမ်းအဆုံး၌ သူတို့နှင့်တွေ့ဆုံမိကြလိမ့်မည်။-
17. သင်တို့သည်ဤတိုက်ပွဲကိုဆင်နွဲရကြမည် မဟုတ်။ နေရာသာယူ၍စောင့်နေကြလော့။ ထာဝရဘုရားသည်သင်တို့အားအောင်ပွဲ ခံစေတော်မူသည်ကိုတွေ့ရကြလိမ့်မည်။ ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့၊ မတွန့်မဆုတ်ကြနှင့်။ မကြောက် မလန့်ဘဲတိုက်ပွဲသို့ဝင်ကြလော့။ ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ လိမ့်မည်'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။
18. ထိုအခါယောရှဖတ်မင်းသည်မြေသို့တိုင် အောင်ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ပြည်သူ အပေါင်းတို့သည်လည်းမင်းကြီးနှင့်အတူ ပျပ်ဝပ်ကာထာဝရဘုရားအားရှိခိုးကြ၏။-
19. ကောဟတ်နှင့်ကောရသားချင်းစုများမှလေဝိ အနွယ်ဝင်တို့သည်မတ်တပ်ရပ်လျက် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား အားအသံကျယ်စွာထောမနာပြုကြကုန်၏။
20. နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-