14. ထာဝရဘုရား၏ဝိညာဉ်သည်လူအုပ်ထဲတွင် ရှိသောလေဝိအနွယ်ဝင်တစ်ဦး၏အပေါ် သို့သက်ရောက်တော်မူ၏။ ထိုသူသည်ဇာခရိ သားယဟာဇေလဖြစ်၏။ မတ္တနိ၊ ယေယေလ၊ ဗေနာယနှင့်အာသပ်မှဆင်းသက်လာသူ အာသပ်အနွယ်ဝင်တည်း။-
15. ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။-
16. နက်ဖြန်ထိုသူတို့ဇိဇမြို့တောင်ကြားလမ်း သို့ချီတက်လာသောအခါ သူတို့အားတိုက် ခိုက်ကြလော့။ သင်တို့သည်ယေရွေလအနီး တောကန္တာရသို့သွားရာချိုင့်ဝှမ်းအဆုံး၌ သူတို့နှင့်တွေ့ဆုံမိကြလိမ့်မည်။-
17. သင်တို့သည်ဤတိုက်ပွဲကိုဆင်နွဲရကြမည် မဟုတ်။ နေရာသာယူ၍စောင့်နေကြလော့။ ထာဝရဘုရားသည်သင်တို့အားအောင်ပွဲ ခံစေတော်မူသည်ကိုတွေ့ရကြလိမ့်မည်။ ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့၊ မတွန့်မဆုတ်ကြနှင့်။ မကြောက် မလန့်ဘဲတိုက်ပွဲသို့ဝင်ကြလော့။ ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ လိမ့်မည်'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။