1. ကာလအနည်းငယ်ကြာသောအခါမောဘ ပြည်နှင့်အမ္မုန်ပြည်မှစစ်တပ်များသည် မိမိ တို့၏မဟာမိတ်မဟုနိမ် နှင့်အတူယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ ကြ၏။-
2. သတင်းပို့သူတို့သည်ယောရှဖတ်မင်းထံလာ ရောက်၍``အင်အားကြီးမားသည့်တပ်ကြီးတစ် တပ်သည်အရှင့်အား တိုက်ခိုက်ရန်ပင်လယ်သေ တစ်ဖက်ကမ်းဧဒုံပြည်မှချီတက်လာပါပြီ။ သူတို့သည်အင်္ဂေဒိခေါ်ဟာဇဇုန္တာမာမြို့ကို သိမ်းယူလိုက်ကြပါပြီ'' ဟုလျှောက်ထား ကြ၏။-
3. ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။-
4. ယုဒပြည်အမြို့မြို့မှလူတို့သည်ထာဝရ ဘုရားလမ်းပြပို့ဆောင်မှုကိုတောင်းခံရန် ယေရုရှလင်မြို့သို့လာရောက်ကြလေသည်။-