16. ကျွန်ုပ်သည်လေဗနုန်တောင်ပေါ်ရှိသစ်ကတိုး ပင်များကိုအဆွေတော်လိုသမျှခုတ်လှဲ၍ ဖောင်ဖွဲ့ကာပင်လယ်လမ်းဖြင့်ယုပ္ပေမြို့အရောက် စုန်မျောစေပါမည်။ ထိုမြို့မှယေရုရှလင်မြို့ သို့အဆွေတော်၏လူတို့သယ်ယူနိုင်ကြ ပါသည်'' ဟုဖော်ပြပါရှိ၏။
17. ရှောလမုန်မင်းသည်ခမည်းတော်ဒါဝိဒ်မင်း သန်းခေါင်စာရင်းကောက်ယူသည့်နည်းတူ ဣသရေလနိုင်ငံတွင်နေထိုင်သူလူမျိုးခြား များကိုသန်းခေါင်စာရင်းကောက်ယူတော် မူရာ လူပေါင်းတစ်သိန်းငါးသောင်းသုံးထောင့် ခြောက်ရာရလေသည်။-
18. မင်းကြီးသည်ထိုသူတို့အနက်ပစ္စည်းသယ် ယူရန်လူခုနစ်သောင်း၊ တောင်ပေါ်တွင်ကျောက် ဆစ်ရန်လူရှစ်သောင်း၊ အလုပ်ကြီးကြပ် အုပ်ချုပ်ရန်လူသုံးထောင့်ခြောက်ရာကို ခန့်ထားတော်မူ၏။