3. သို့ရာတွင်ဘုရင်မင်းသည်လူတို့ကိုးကွယ်သော အာရှရဘုရားမ၏တံခွန်တိုင်ရှိသမျှကို ဖယ်ရှားပြီးလျှင် ထာဝရဘုရား၏အလိုတော် ကိုလိုက်လျှောက်ရန်ကြိုးစားသဖြင့် ဘုရင်မင်း မှာအကျင့်ကောင်းအနည်းငယ်ရှိသေး၏'' ဟု ဆိုလေသည်။
4. ယောရှဖတ်သည်ယေရုရှလင်မြို့တွင်နန်းစံ တော်မူသော်လည်း တောင်ဘက်ရှိဗေရရှေဘ မြို့မှသည်မြောက်ဘက်တောင်ပေါများသည့် ဧဖရိမ်နယ်စပ်တိုင်အောင် အမြဲတစေလှည့် လည်၍ပြည်သူတို့အားမိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားထံ တော်သို့ပြန်စေတော်မူ၏။-
5. သူသည်ယုဒပြည်ခံတပ်မြို့တိုင်းတွင်တရား သူကြီးများကိုခန့်ထားပြီးလျှင်၊-
6. သူတို့အား``သတိထား၍တရားစီရင်ကြ လော့။ သင်တို့သည်လူပေးအပ်သည့်အခွင့်အာ ဏာအရမဟုတ်၊ ထာဝရဘုရားပေးတော် မူသည့်အခွင့်အာဏာအရဆောင်ရွက်ရကြ ခြင်းဖြစ်သည်။ သင်တို့စီရင်ချက်ချမှတ်ချိန် ၌ကိုယ်တော်သည်သင်တို့နှင့်အတူရှိတော် မူ၏။-