23. ထိုအခါပရောဖက်ဇေဒကိသည်မိက္ခာအနီး သို့ချဉ်းကပ်၍ပါးကိုရိုက်လျက်``ထာဝရဘုရား ၏ဝိညာဉ်တော်သည်သင့်အားမိန့်မြွက်တော်မူရန် ဘယ်အချိန်တွင်ငါ့ထံမှထွက်ခွာသွားတော် မူပါသနည်း'' ဟုမေး၏။
24. မိက္ခာက``သင်ပုန်းအောင်းရန်အတွင်းခန်းသို့ ဝင်သောအခါသိရလိမ့်မည်'' ဟုပြန်ပြော လေသည်။
25. ထိုနောက်အာဟပ်သည်မိမိ၏နန်းတွင်းအရာ ရှိတစ်ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန် အာမုန်နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင် သွားလော့။-
26. သူ့အားအကျဉ်းချကာငါကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာချိန်တိုင်အောင် မုန့်နှင့်ရေကိုသာကျွေးမွေးထားရန်သူတို့ အားပြောကြားလော့'' ဟုအမိန့်ပေးတော် မူ၏။
27. မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လာရလျှင်ငါဆင့်ဆိုသောစကား သည်ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်'' ဟုပြောပြီးနောက်ဆက်လက်၍``အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ကြ လော့'' ဟုဆို၏။
28. ထိုနောက်ဣသရေလဘုရင်အာဟပ်နှင့်ယုဒ ဘုရင်ယောရှဖတ်တို့သည်ဂိလဒ်ပြည်၊ ရာမုတ် မြို့သို့ချီတက်ကြ၏။-
29. အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်ရောက် သောအခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွား ပါမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာ ကိုဝတ်ဆင်လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆိုပြီးနောက်ဣသရေလဘုရင်သည် ရုပ်ဖျက်၍တိုက်ပွဲဝင်လေ၏။
30. ရှုရိဘုရင်သည်မိမိ၏ရထားတပ်မှူးတို့ အားဣသရေလဘုရင်မှတစ်ပါးအခြား အဘယ်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
31. ထိုကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင် သောအခါ ဣသရေလဘုရင်ဟုထင်မှတ်ကာ ပြန်လှည့်၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှ ဖတ်ဟစ်အော်လိုက်သောအခါဘုရားသခင် ထာဝရဘုရားသည်သူ့ကိုကယ်ဆယ်၍ ရန်သူ တို့သည်အခြားတစ်ဖက်သို့လှည့်၍တိုက်ခိုက် ကြ၏။-
32. ရထားတပ်မှူးတို့သည်ဣသရေလဘုရင် မဟုတ်ကြောင်းသိသော်လွှဲရှောင်သွားကြ၏။-
33. သို့ရာတွင်ရှုရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကိုပစ်လွှတ်လိုက်ရာ အမှတ်မထင် အာဟပ်၏သံချပ်အင်္ကျီအဆက်ကြားကို ထိမှန်သွားလေသည်။ မင်းကြီးသည်မိမိကို မြားချက်ထိပြီဖြစ်ကြောင်းပြောပြီးနောက် ရထားမှူးအားတိုက်ပွဲမှထွက်ခွာသွားရန် အမိန့်ပေးတော်မူ၏။-