၂ ရာ​ချုပ် 18:19-22 Common Language Bible (BCL)

19. ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့​ကို သွား​၍​အ​သတ်​ခံ​ရ​စေ​ရန်​သူ့​အား​အ​ဘယ်​သူ လိမ်​လည်​လှည့်​စား​ပါ​မည်​နည်း' ဟု​မေး​တော်​မူ လျှင်​ကောင်း​ကင်​တ​မန်​တို့​သည်​အ​မျိုး​မျိုး အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။-

20. နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ် လည်​လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ ဘုရား​က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊-

21. ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော​ဖက် များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည်​ဟော​ပြော စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`သင် သွား​၍​အာ​ဟပ်​အား​လိမ်​လည်​လှည့်​စား​လော့။ အောင်​မြင်​ခွင့်​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့်​ဆို​လေ​၏။

22. ထို​နောက်​မိက္ခာ​က``ထာ​ဝရ​ဘု​ရား​သည်​ဤ​ပ​ရော ဖက်​တို့​ကို​အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး အန္တ​ရာယ်​ကို​မူ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် စီ​ရင်​ခွဲ​ခန့်​ထား​တော်​မူ​၏'' ဟု​ဆို​လေ​သည်။

၂ ရာ​ချုပ် 18