6. သူသည်ထာဝရဘုရားအားကိုးကွယ်မှု တွင်စိတ်အားထက်သန်လျက်ယုဒပြည်ရှိ ရုပ်တုကိုးကွယ်ရာဌာနများနှင့်အာရှရ ဘုရားမ၏တံခွန်တိုင်ရှိသမျှကိုဖျက် ဆီးတော်မူ၏။
7. နန်းစံတတိယနှစ်၌ယောရှဖတ်သည် မှူးမတ်များဖြစ်ကြသောဗင်ဟဲလ၊ သြဗဒိ၊ ဇာခရိ၊ နာသနေလနှင့်မိက္ခာယတို့အား ယုဒပြည်အမြို့မြို့သို့သြဝါဒပေးရန် စေလွှတ်တော်မူ၏။-
8. သူတို့နှင့်အတူလေဝိအနွယ်ဝင်ကိုးဦး နှင့်ယဇ်ပုရောဟိတ်နှစ်ပါးလိုက်ပါသွား ကြ၏။ လေဝိအနွယ်ဝင်တို့မှာရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ဖြစ်ကြ၏။ ယဇ်ပုရောဟိတ် တို့မှာဧလိရှမာနှင့်ယောရံတို့ဖြစ်ကြ ၏။-
9. သူတို့သည်မိမိတို့နှင့်အတူယူဆောင် သွားသောထာဝရဘုရား၏ပညတ်တရား ကျမ်းအရ ယုဒမြို့အသီးသီးသို့လှည့် လည်ကာပြည်သူတို့အားသွန်သင်ကြ၏။
10. ထာဝရဘုရားသည်ပတ်ဝန်းကျင်နိုင်ငံ အပေါင်းတို့အား ယောရှဖတ်နှင့်စစ်ဖြစ် ရန်ကြောက်လန့်စေတော်မူ၏။-