၂ ရာ​ချုပ် 17:12-16 Common Language Bible (BCL)

12. သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​တန်​ခိုး​ကြီး​သည် ထက်​ကြီး​လာ​တော်​မူ​၏။ သူ​သည်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ခံ​တပ်​များ​ကို​လည်း ကောင်း၊-

13. ရိက္ခာ​အ​မြောက်​အ​မြား​သို​လှောင်​ရာ​မြို့ များ​ကို​လည်း​ကောင်း​တည်​ဆောက်​တော်​မူ​၏။မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထူး​ချွန် သည့်​တပ်​မှူး​များ​ကို၊-

14. သား​ချင်း​စု​များ​အ​လိုက်​နေ​ရာ​ချ​ထား တော်​မူ​၏။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး သည်​အာ​ဒ​န​ဖြစ်​၍ သူ​၏​လက်​အောက် တွင်​စစ်​သည်​သုံး​သိန်း​ရှိ​လေ​သည်။-

15. ဒု​တိ​ယ​တပ်​မှူး​မှာ​ယော​ဟ​နန်​ဖြစ်​၍​စစ် သည်​နှစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ်​ရ​၏။-

16. တ​တိ​ယ​တပ်​မှူး​ကား​ဇိ​ခ​ရိ​၏​သား​အာ​မ​သိ ဖြစ်​၍​စစ်​သည်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​လေ​သည်။ (အာ​မ​သိ​သည်​မိ​မိ​စေ​တ​နာ​အ​လျောက် ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် သူ​ဖြစ်​သည်။-)

၂ ရာ​ချုပ် 17