3. ဣသရေလအမျိုးသားတို့တွင်ကာလ ကြာမြင့်စွာမှန်သောဘုရားမရှိ၊ သွန်သင် ပေးမည့်ယဇ်ပုရောဟိတ်များမရှိ၊ တရား လည်းမရှိ။-
4. သို့ရာတွင်ဒုက္ခရောက်သောအခါသူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ကိုယ် တော်ကိုရှာသောအခါတွေ့ရှိကြ၏။-
5. ထိုစဉ်အခါကအတိုင်းတိုင်းအပြည်ပြည် တွင်အေးချမ်းသာယာခြင်းမရှိသဖြင့် အဘယ် သူမျှဘေးမဲ့လုံခြုံစွာခရီးမသွားမလာ နိုင်ကြ။-
6. ဘုရားသခင်သည်သူတို့အားဒုက္ခအမျိုး မျိုးရောက်စေတော်မူသဖြင့် တစ်နိုင်ငံက တစ်နိုင်ငံကိုလည်းကောင်း၊ တစ်မြို့ကတစ် မြို့ကိုလည်းကောင်းဖိနှိပ်ကြလေသည်။-
7. သို့ရာတွင်သင်တို့သည်အားမာန်တင်းကြ လော့။ စိတ်အားမလျော့ကြနှင့်။ သင်တို့ပြု သည့်အမှုအတွက်ကောင်းကျိုးကိုခံစား ရကြလိမ့်မည်'' ဟုဆင့်ဆို၏။
8. ဤသို့သြဒက်၏သားအာဇရိဆင့်ဆိုသည့် ဗျာဒိတ်တော်ကိုကြားသောအခါ အာသသည် အားတက်လာပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ် မြေများနှင့်တောင်ပေါများသောဧဖရိမ်ပြည် ရှိမြို့များမှရုပ်တုရှိသမျှကိုဖယ်ရှားတော် မူ၏။ မင်းကြီးသည်ဗိမာန်တော်တံတိုင်းအတွင်း ရှိယဇ်ပလ္လင်ကိုလည်းပြန်လည်ပြုပြင်တော်မူ၏။
9. ထာဝရဘုရားသည် အာသနှင့်အတူရှိတော် မူကြောင်းကိုတွေ့မြင်ကြသဖြင့် ဧဖရိမ်၊ မနာ ရှေနှင့်ရှိမောင်နယ်မြေများမှလူအမြောက် အမြားအာသဘက်သို့ကူးပြောင်း၍သူ၏ နိုင်ငံတော်တွင်လာရောက်နေထိုင်ကြ၏။ အာသ သည်ဤသူအပေါင်းတို့ကိုလည်းကောင်း၊ ဗင်္ယာ မိန်နှင့်ယုဒပြည်သူတို့ကိုလည်းကောင်း စုဝေးရန်အမိန့်ထုတ်ပြန်တော်မူ၏။-
10. သူတို့သည်အာသနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်တတိယလ၌ ယေရုရှလင်မြို့တွင် စုဝေးကြလေသည်။-
11. ထိုနေ့၌သူတို့သည်မိမိတို့ဆောင်ခဲ့သော လက်ရပစ္စည်းများအနက် နွားခုနစ်ရာနှင့် သိုးခုနစ်ထောင်ကိုထာဝရဘုရားအားယဇ် ပူဇော်ကြ၏။-