14. ထိုသူတို့သည်ဤပဋိညာဉ်ကိုစောင့်ထိန်း ပါမည်ဟု ထာဝရဘုရား၏နာမတော်ကို တိုင်တည်၍အသံကျယ်စွာသစ္စာဆိုကြ၏။ ထိုနောက်သူတို့သည်ကြွေးကြော်လျက် တံပိုး ခရာများကိုမှုတ်ကြကုန်၏။-
15. ယုဒပြည်သူအပေါင်းတို့သည်စိတ်စွမ်းကိုယ် စွမ်းရှိသမျှဖြင့် ပဋိညာဉ်ပြုရကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်ထာဝရ ဘုရားအားဆန္ဒအပြည့်အဝဖြင့်ဆည်းကပ် ကြသဖြင့် ထာဝရဘုရားသည်သူတို့၏ ဆည်းကပ်မှုကိုလက်ခံ၍အရပ်ရပ်၌ငြိမ်း ချမ်းသာယာစေတော်မူ၏။
16. အာသမင်းသည်မိမိ၏အဘွားတော်မာခါ ၏ထံတော်မှ မယ်တော်ဘုရင်မရာထူးကိုနှုတ် သိမ်းတော်မူ၏။ အဘယ်ကြောင့်ဆိုသော်မာခါ သည်မြေသြဇာဖွံ့ဖြိုးမှုဆိုင်ရာအာရှရ ဘုရားမအားကိုးကွယ်ရန် အတွက်ရှုမကောင်း မြင်မကောင်းသောရုပ်တုကိုပြုလုပ်ထားသော ကြောင့်ဖြစ်၏။ အာသသည်ထိုရုပ်တုကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ကေဒြုန်ချိုင့်ဝှမ်း တွင်မီးရှို့စေတော်မူ၏။-
17. ရုပ်တုကိုးကွယ်ရာဌာနရှိသမျှကိုမဖျက် ဆီးသော်လည်း အာသသည်တစ်သက်လုံး ထာဝရဘုရားကိုသစ္စာစောင့်တော်မူလေ သည်။-
18. သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောတန်ဆာတို့ကို မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ၊ တန် ဆာများနှင့်အတူဗိမာန်တော်တွင်ထားရှိ တော်မူ၏။-
19. သူ၏နန်းစံသုံးဆယ့်ငါးနှစ်အထိနောက် တစ်ဖန်စစ်မက်မဖြစ်ပွားတော့ချေ။