5. ယုဒပြည်အမြို့မြို့မှရုပ်တုကိုးကွယ်ရာ ဌာနများနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင် များကိုဖျက်ဆီးတော်မူသဖြင့် ထိုမင်း၏ လက်ထက်၌နိုင်ငံတော်သည်ငြိမ်းချမ်း သာယာလျက်နေ၏။-
6. သူသည်မိမိနန်းစံနေချိန်၌ယုဒမြို့များ ကို တံတိုင်းကာရံစေတော်မူ၏။ ထာဝရ ဘုရားသည်သူ့အားငြိမ်းချမ်းသာယာရေး ကိုပေးတော်မူသဖြင့် နှစ်ပေါင်းများစွာစစ် ဖြစ်ပွားမှုမရှိချေ။-
7. မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။-
8. အာသမင်းတွင်ဒိုင်းလွှားလှံတံကိုင်ဆောင်သူ ယုဒစစ်သည်သုံးသိန်းနှင့် ဗင်္ယာမိန်စစ်သည်နှစ် သိန်းရှစ်သောင်းပါဝင်သည့်တပ်မတော်ရှိလေ သည်။ ထိုသူအပေါင်းတို့သည်ရဲစွမ်းသတ္တိရှိ၍ ကောင်းစွာလေ့ကျင့်ထားသူများဖြစ်ကြ၏။