၂ ရာ​ချုပ် 14:3-12 Common Language Bible (BCL)

3. သူ​သည်​လူ​မျိုး​ခြား​တို့​၏​ယဇ်​ပလ္လင်​များ​နှင့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက် ပြီး​လျှင် ကျောက်​တိုင်​များ​နှင့်​တံ​ခွန်​တိုင် များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​လေ​သည်။-

4. ယု​ဒ​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး​များ ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အလို​တော် ကို​လိုက်​လျှောက်​ကြ​ရန်​နှင့်​ကိုယ်​တော်​၏ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-

5. ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင် များ​ကို​ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ထို​မင်း​၏ လက်​ထက်​၌​နိုင်​ငံ​တော်​သည်​ငြိမ်း​ချမ်း သာ​ယာ​လျက်​နေ​၏။-

6. သူ​သည်​မိ​မိ​နန်း​စံ​နေ​ချိန်​၌​ယု​ဒ​မြို့​များ ကို တံ​တိုင်း​ကာ​ရံ​စေ​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား​ငြိမ်း​ချမ်း​သာ​ယာ​ရေး ကို​ပေး​တော်​မူ​သ​ဖြင့် နှစ်​ပေါင်း​များ​စွာ​စစ် ဖြစ်​ပွား​မှု​မ​ရှိ​ချေ။-

7. မင်း​ကြီး​က​ယု​ဒ​ပြည်​သူ​တို့​အား``မြို့​ရိုး များ၊ ပြ​အိုး​များ၊ ကန့်​လန့်​ကျင်​များ​တပ်​ဆင် ထား​သည့်​မြို့​တံ​ခါး​များ​နှင့်​ပြည့်​စုံ​သော မြို့​များ​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ငါ​တို့ သည်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​လိုက် လျှောက်​သည်​ဖြစ်​၍ ပြည်​တော်​ကို​ထိန်း​သိမ်း အုပ်​ချုပ်​နိုင်​ကြ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ကို ပေး​တော်​မူ​ပြီ'' ဟု​မိန့်​ဆို​သည့်​အ​တိုင်း​ခံ တပ်​မြို့​များ​ကို​တည်​ဆောက်​၍​ထ​မြောက် အောင်​မြင်​ကြ​၏။-

8. အာ​သ​မင်း​တွင်​ဒိုင်း​လွှား​လှံ​တံ​ကိုင်​ဆောင်​သူ ယု​ဒ​စစ်​သည်​သုံး​သိန်း​နှင့် ဗင်္ယာ​မိန်​စစ်​သည်​နှစ် သိန်း​ရှစ်​သောင်း​ပါ​ဝင်​သည့်​တပ်​မ​တော်​ရှိ​လေ သည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ရဲ​စွမ်း​သတ္တိ​ရှိ​၍ ကောင်း​စွာ​လေ့​ကျင့်​ထား​သူ​များ​ဖြစ်​ကြ​၏။

9. ဆူ​ဒန်​အ​မျိုး​သား​ဇေ​ရ​ဆို​သူ​သည်​စစ်​သည် တစ်​သန်း၊ စစ်​ရ​ထား​သုံး​ရာ​ဖြင့်​ယု​ဒ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ​မ​ရေ​ရှ​မြို့​တိုင် အောင်​ချီ​တက်​လာ​လေ​သည်။-

10. ထို​အ​ခါ​အာ​သ​သည်​ထို​သူ​အား​တိုက်​ခိုက် ရန်​ထွက်​လာ​ပြီး​လျှင် ဇေ​ဖ​သ​ချိုင့်​ဝှမ်း​တွင် နေ​ရာ​ယူ​၍၊-

11. မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။

12. အာ​သ​နှင့်​ယု​ဒ​တပ်​မ​တော်​သည်​ဆူ​ဒန် အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ကြ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​အ​မျိုး သား​တို့​ကို​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-

၂ ရာ​ချုပ် 14