11. မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
12. အာသနှင့်ယုဒတပ်မတော်သည်ဆူဒန် အမျိုးသားတို့အားတိုက်ခိုက်ကြသော အခါ ထာဝရဘုရားသည်ဆူဒန်အမျိုး သားတို့ကိုအရေးရှုံးနိမ့်စေတော်မူ၏။-
13. ထိုသူတို့ကိုအာသနှင့်သူ၏တပ်သားတို့ သည်ဂေရာမြို့တိုင်အောင်လိုက်လံတိုက်ခိုက် ကြလေသည်။ ဆူဒန်အမျိုးသားအမြောက် အမြားကျဆုံးသဖြင့်သူတို့သည်ပြန်လည် တိုက်ခိုက်ရန်စုရုံးနိုင်စွမ်းမရှိကြတော့ချေ။ ထာဝရဘုရားနှင့်ယုဒတပ်မတော်၏လက် တွင်အရေးရှုံးနိမ့်ကြလေ၏။ ယုဒတပ်မ တော်သားတို့သည်လည်းလက်ရပစ္စည်းအမြောက် အမြားကိုသိမ်းယူရရှိကြလေသည်။-
14. ထိုနောက်ဂေရာမြို့အနီးတစ်ဝိုက်ရှိမြို့တို့ သည်ထာဝရဘုရားအားကြောက်လန့်လျက် နေကြသဖြင့် ယုဒတပ်မတော်သားတို့သည် ထိုမြို့များကိုဖြိုဖျက်နိုင်ကြလေသည်။ သူ တို့သည်ထိုမြို့အပေါင်းကိုတိုက်ခိုက်ကြရာ လက်ရပစ္စည်းအမြောက်အမြားကိုသိမ်းယူ ရရှိကြ၏။-