5. ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။-
6. နေဗတ်သားယေရောဗောင်သည်မိမိ၏ဘုရင် ရှောလမုန်အားပုန်ကန်ပြီးလျှင်၊-
7. ယုတ်မာသူလူတစ်စုကိုစုရုံးလေသည်။ သူတို့ သည်ရှောလမုန်၏သားတော်ရောဗောင်အား မိမိ တို့ဆန္ဒရှိသည်အတိုင်းပြုလုပ်စေကြ၏။ ရော ဗောင်သည်နုနယ်၍အတွေ့အကြုံမရှိသူဖြစ် သဖြင့်သူတို့အားခုခံနိုင်စွမ်းမရှိပေ။-
8. ယခုသင်တို့သည်ဒါဝိဒ်၏သားမြေးတို့အား ထာဝရဘုရားပေးအပ်ထားတော်မူသောရာဇ အာဏာကိုဆိုင်ပြိုင်ရန်ကြံစည်ကြသည်။ သင်တို့ တွင်အင်အားကြီးမားသောတပ်မတော်နှင့်သင် တို့ကိုးကွယ်ရန်အတွက် ယေရောဗောင်သွန်းလုပ် ထားသောနွားသငယ်ရုပ်များရှိ၏။-