4. တပ်မတော်နှစ်စုသည်တောင်ပေါများသောဧဖရိမ် ပြည်တွင်တွေ့ဆုံမိကြ၏။ အဘိယမင်းသည်ဇေ မရိမ်တောင်ပေါ်သို့တက်ပြီးလျှင် ယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့အား``နားထောင်ကြ လော့။-
5. ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။-
6. နေဗတ်သားယေရောဗောင်သည်မိမိ၏ဘုရင် ရှောလမုန်အားပုန်ကန်ပြီးလျှင်၊-
7. ယုတ်မာသူလူတစ်စုကိုစုရုံးလေသည်။ သူတို့ သည်ရှောလမုန်၏သားတော်ရောဗောင်အား မိမိ တို့ဆန္ဒရှိသည်အတိုင်းပြုလုပ်စေကြ၏။ ရော ဗောင်သည်နုနယ်၍အတွေ့အကြုံမရှိသူဖြစ် သဖြင့်သူတို့အားခုခံနိုင်စွမ်းမရှိပေ။-
8. ယခုသင်တို့သည်ဒါဝိဒ်၏သားမြေးတို့အား ထာဝရဘုရားပေးအပ်ထားတော်မူသောရာဇ အာဏာကိုဆိုင်ပြိုင်ရန်ကြံစည်ကြသည်။ သင်တို့ တွင်အင်အားကြီးမားသောတပ်မတော်နှင့်သင် တို့ကိုးကွယ်ရန်အတွက် ယေရောဗောင်သွန်းလုပ် ထားသောနွားသငယ်ရုပ်များရှိ၏။-
9. သင်တို့သည်အာရုန်၏အဆက်အနွယ်ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို နှင်ထုတ်ကာ သူတို့၏နေရာတွင်လူမျိုးခြား တို့၏ဋ္ဌလေ့ကိုလိုက်၍အခြားသူတို့အား ယဇ်ပုရောဟိတ်ခန့်ထားကြ၏။ မည်သူမဆို နွားတစ်ကောင်သို့မဟုတ်သိုးခုနစ်ကောင်ကို ယူဆောင်လာလျှင်သင်တို့ကိုးကွယ်သော နာမည်ခံဘုရားများ၏ယဇ်ပုရောဟိတ် အရာကိုရရှိနိုင်ပါသည်တကား။
10. ``ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကိုမစွန့်ဘဲဆက်လက်ကိုးကွယ်လျက် ရှိကြသည်။ အာရုန်မှဆင်းသက်လာသောယဇ်ပု ရောဟိတ်များသည်မိမိတို့တာဝန်ဝတ္တရားများ ကိုထမ်းဆောင်လျက်ရှိကြ၏။ သူတို့အားလေဝိ အနွယ်ဝင်များကကူညီလျက်ရှိကြ၏။-
11. သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
12. ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
13. ဤအတောအတွင်း၌ဣသရေလတပ်မတော် သည် ယုဒတပ်မတော်ကိုမျက်နှာမူလျက်တပ် စွဲနေစဉ် ယေရောဗောင်သည်အချို့တပ်သား များကို ယုဒတပ်မတော်အနောက်မှနေ၍ ပုန်းကွယ်တိုက်ခိုက်ရန်စေလွှတ်တော်မူ၏။-
14. ယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။-
15. ယုဒအမျိုးသားတို့သည်အဘိယ၏ခေါင်း ဆောင်မှုဖြင့် အသံကျယ်စွာကြွေးကြော် လျက်တိုက်ခိုက်ကြကုန်၏။-
16. ထိုအခါဣသရေလအမျိုးသားတို့သည်ယုဒ အမျိုးသားများထံမှထွက်ပြေးကြလေသည်။ ဘုရားသခင်သည်ယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ကိုနှိမ်နင်းခွင့် ပေးတော်မူသတည်း။-