13. ဤအတောအတွင်း၌ဣသရေလတပ်မတော် သည် ယုဒတပ်မတော်ကိုမျက်နှာမူလျက်တပ် စွဲနေစဉ် ယေရောဗောင်သည်အချို့တပ်သား များကို ယုဒတပ်မတော်အနောက်မှနေ၍ ပုန်းကွယ်တိုက်ခိုက်ရန်စေလွှတ်တော်မူ၏။-
14. ယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။-
15. ယုဒအမျိုးသားတို့သည်အဘိယ၏ခေါင်း ဆောင်မှုဖြင့် အသံကျယ်စွာကြွေးကြော် လျက်တိုက်ခိုက်ကြကုန်၏။-
16. ထိုအခါဣသရေလအမျိုးသားတို့သည်ယုဒ အမျိုးသားများထံမှထွက်ပြေးကြလေသည်။ ဘုရားသခင်သည်ယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ကိုနှိမ်နင်းခွင့် ပေးတော်မူသတည်း။-
17. အဘိယနှင့်သူ၏တပ်မတော်သည်ဣသရေလ အမျိုးသားတို့ကိုချေမှုန်းလိုက်ကြသဖြင့် ဣသရေလလက်ရွေးစင်တပ်သားငါးသိန်း ကျဆုံးလေ၏။-
18. ယုဒအမျိုးသားတို့သည်မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုအားကိုးကြသည် ဖြစ်၍ ဣသရေလအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံရကြခြင်းဖြစ်ပေသည်။
19. အဘိယသည်ယေရောဗောင်၏တပ်မတော်ကို လိုက်လံတိုက်ခိုက်ပြီးလျှင်ဗေသလမြို့၊ ယေ ရှနမြို့၊ ဧဖရိမ်မြို့များနှင့်ထိုမြို့များအနီး ရှိကျေးရွာများကိုသိမ်းယူတော်မူသည်။-
20. အဘိယလက်ထက်၌ယေရောဗောင်သည် တန်ခိုးအာဏာဆုတ်ယုတ်လျက်နေ၏။ နောက် ဆုံး၌ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ကွယ်လွန်လေသည်။
21. အဘိယမူကားတိုး၍တန်ခိုးကြီးလာ၏။ သူ၌မိဖုရားတစ်ဆယ့်လေးယောက်၊ သားနှစ် ဆယ့်နှစ်ယောက်နှင့်သမီးတစ်ဆယ့်ခြောက် ယောက်ရှိ၏။-
22. အဘိယပြောဆိုခဲ့သောစကားများ၊ သူ ဆောင်ရွက်ခဲ့သည့်အမှုအရာများနှင့်ကျန် ရှိနေသေးသောသူ၏အတ္ထုပ္ပတ္တိအကြောင်း အရာများကို ပရောဖက်ဣဒေါစီရင်သော စာတွင်မှတ်တမ်းတင်ထားသတည်း။