၂ ရာ​ချုပ် 13:13-15 Common Language Bible (BCL)

13. ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​တပ်​မ​တော် သည် ယု​ဒ​တပ်​မ​တော်​ကို​မျက်​နှာ​မူ​လျက်​တပ် စွဲ​နေ​စဉ် ယေ​ရော​ဗောင်​သည်​အ​ချို့​တပ်​သား များ​ကို ယု​ဒ​တပ်​မ​တော်​အ​နောက်​မှ​နေ​၍ ပုန်း​ကွယ်​တိုက်​ခိုက်​ရန်​စေ​လွှတ်​တော်​မူ​၏။-

14. ယု​ဒ​အ​မျိုး​သား​တို့​သည်​နောက်​သို့​လှည့်​၍ ကြည့်​လိုက်​သော​အ​ခါ မိ​မိ​တို့​အ​ဝိုင်း​ခံ​ရ သည်​ကို​မြင်​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား``ကူ မ​တော်​မူ​ပါ'' ဟု​ဟစ်​အော်​တောင်း​လျှောက် ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​ပိုး​ခရာ များ​ကို​မှုတ်​ကြ​၏။-

15. ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။-

၂ ရာ​ချုပ် 13