1. ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍၊-
2. ယေရုရှလင်မြို့တွင်သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာဂိဗာမြို့သားဥရိယ၏ သမီးမာခါဖြစ်၏။
3. အဘိယနှင့်ယေရောဗောင်တို့သည်စစ်ဖြစ်ကြ သဖြင့် အဘိယသည်စစ်သည်လေးသိန်းရှိသော တပ်မတော်ဖြင့်တိုက်ခိုက်ရာ ယေရောဗောင်က စစ်သည်ရှစ်သိန်းရှိသောတပ်မတော်ဖြင့်ပြန် လည်ခုခံလေသည်။
4. တပ်မတော်နှစ်စုသည်တောင်ပေါများသောဧဖရိမ် ပြည်တွင်တွေ့ဆုံမိကြ၏။ အဘိယမင်းသည်ဇေ မရိမ်တောင်ပေါ်သို့တက်ပြီးလျှင် ယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့အား``နားထောင်ကြ လော့။-