6. မင်းကြီးနှင့်ခေါင်းဆောင်များသည်မိမိ တို့အပြစ်ကူးခဲ့သည်ကိုဝန်ခံကြပြီး လျှင်``ထာဝရဘုရားသည်တရားမျှတ တော်မူပါ၏'' ဟုဆိုကြ၏။
7. ဤအချင်းအရာကိုထာဝရဘုရားမြင် တော်မူသောအခါ``သူတို့သည်မိမိတို့အပြစ် ကိုဝန်ခံကြသည်ဖြစ်၍ငါသည်သူတို့အား ဖျက်ဆီးမည်မဟုတ်။ ရှိရှက်တိုက်ခိုက်မှုကြောင့် သူတို့သည်ပျက်စီးခြင်းဘေးမှလွတ်ရုံမျှ သာရှိလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း ငါ၏အမျက်တော်အရှိန်ကိုအပြည့်အဝ ခံရမည်မဟုတ်။-
8. သို့ရာတွင်ရှိရှက်သည်သူတို့ကိုအနိုင်ရလိမ့် မည်။ သူတို့သည်ငါ၏အမှုတော်ကိုဆောင်ရွက် ခြင်းနှင့်လောကီဘုရင်တို့၏အမှုကိုဆောင် ရွက်ခြင်းကွာခြားပုံကိုသိရှိကြလိမ့်မည်'' ဟုရှေမာယထံဗျာဒိတ်တော်ရောက်လာ၏။
9. ရှိရှက်မင်းသည်ယေရုရှလင်မြို့သို့ချီတက် ၍ ရှောလမုန်မင်းပြုလုပ်ထားခဲ့သောရွှေဒိုင်း လွှားများအပါအဝင် ဗိမာန်တော်နှင့်နန်း တော်ဘဏ္ဍာရှိသမျှကိုသိမ်းယူသွားလေ သည်။-
10. ရောဗောင်မင်းသည်ထိုဒိုင်းလွှားများကိုအစား ထိုးရန်ကြေးဝါဒိုင်းလွှားများပြုလုပ်၍ နန်းတော် အဝင်တံခါးများတွင်တာဝန်ကျသည့်တပ်မှူး တို့ကိုပေးအပ်တော်မူ၏။-
11. ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်းကိုယ်ရံတော်တပ်သားတို့သည် ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြပြီးနောက်ကင်းစောင့် ခန်းတွင်ပြန်၍ထားရကြ၏။-
12. မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။
13. ရောဗောင်သည်ယေရုရှလင်မြို့တွင် နန်းစံကာ ရာဇတန်ခိုးတိုးတက်လာလေသည်။ နန်းတက် စဉ်အခါကသူသည်သက်တော်လေးဆယ့်တစ် နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံတော်မူ၏။ ဣသရေလနွယ်အပေါင်းတို့ နေထိုင်ရာမြို့ရွာများအနက် ထိုမြို့ကိုထာဝရ ဘုရားသည်မိမိအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ်ရွေးချယ်ထားတော်မူသတည်း။ ရောဗောင်၏မယ်တော်မှာအမ္မုန်ပြည်သူ၊ နေမ ဖြစ်၏။-
14. မင်းကြီးသည်ထာဝရဘုရား၏အလိုတော် ကိုရှာလိုစိတ်မရှိသဖြင့်ဒုစရိုက်ကိုပြု တော်မူ၏။
15. ရောဗောင်ဆောင်ရွက်ခဲ့သည့်အမှုအရာများ အကြောင်းအစမှအဆုံးနှင့်သူ၏အိမ်ထောင် စုမှတ်တမ်းများကိုပရောဖက်ရှေမာယ၏ အတ္ထုပ္ပတ္တိနှင့်ပရောဖက်ဣဒေါ၏အတ္ထုပ္ပတ္တိ တွင်တွေ့ရှိရလေသည်။ ရောဗောင်နှင့်ယေရော ဗောင်တို့သည်အစဉ်မပြတ်စစ်ဖြစ်ကြ၏။-
16. ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့တော်ရှိဘုရင်များ၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အဘိယသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။