2-4. သို့ရာတွင်ထာဝရဘုရားက``သင်တို့အားလုံး မိမိတို့နေရပ်သို့ပြန်ကြလော့။ ဣသရေလ အမျိုးသားအချင်းချင်းမတိုက်ခိုက်ကြ နှင့်။ ယခုဖြစ်ပွားခဲ့သောအမှုသည်ငါ၏ အလိုတော်အရဖြစ်ကြောင်းကို ရောဗောင် မင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အားဆင့်ဆိုလော့'' ဟုပရော ဖက်ရှေမာယအားမိန့်တော်မူ၏။ ထိုသူ အပေါင်းတို့သည်ထာဝရဘုရား၏အမိန့် တော်ကိုနာခံလျက်ယေရောဗောင်ကိုစစ် မတိုက်ဘဲပြန်ကြကုန်၏။
5. ရောဗောင်သည်ယေရုရှလင်မြို့၌နန်းစံ၍ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများရှိ၊-
20. ထိုနောက်ရောဗောင်သည်အဗရှလုံ၏သမီး မာခါနှင့်စုံဖက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလော မိတ်ဟူသောသားလေးယောက်ကိုရလေသည်။-