၂ ရာ​ချုပ် 11:1-15 Common Language Bible (BCL)

1. ရော​ဗောင်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် ရောက်​လာ​သော​အ​ခါ ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​လက်​ရွေး​စင်​တပ်​သား​တစ်​သိန်း​ရှစ်​သောင်း ကို​စု​ရုံး​စေ​တော်​မူ​၏။ မင်း​ကြီး​သည်​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​နယ်​မြေ​များ​ကို ပြန်​လည်​သိမ်း ပိုက်​နိုင်​ရန်​စစ်​ဆင်​မည်​အ​ကြံ​ရှိ​တော်​မူ​၏။-

5. ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​၌​နန်း​စံ​၍ ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​ရှိ၊-

10. ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​များ ကို​တံ​တိုင်း​ကာ​စေ​တော်​မူ​၏။-

11. ထို​မြို့​တို့​ကို​ခိုင်​ခံ့​စွာ​တံ​တိုင်း​ကာ​ပြီး​လျှင် မြို့​တိုင်း​တွင် တပ်​မှူး​တစ်​ဦး​စီ​ခန့်​ထား​၍ ဆီ၊ စ​ပျစ်​ရည်၊ စား​နပ်​ရိက္ခာ၊-

12. ဒိုင်း​လွှား​နှင့်​လှံ​တံ​များ​ကို​သို​လှောင်​ထား​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ယု​ဒ​နှင့်​ဗင်္ယာ မိန်​နယ်​မြေ​များ​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​ထား တော်​မူ​၏။

13. ဣသ​ရေ​လ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် တောင် ဘက်​ရှိ​ယု​ဒ​ပြည်​သို့​လာ​ရောက်​ကြ​၏။-

14. ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​သူ​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​တို့​သည် လေ​ဝိ​အ​နွယ်​ဝင် တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ထမ်း​ဆောင်​ရန်​ခွင့်​မ​ပြု ကြ​ချေ။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မိ​မိ​တို့​၏​စား​ကျက်​များ​နှင့်​အ​ခြား​မြေ​ယာ များ​ကို​စွန့်​၍ ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ရှိ​လာ​ကြ​၏။-

15. ယေ​ရော​ဗောင်​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န များ​၌​လည်း​ကောင်း၊ နတ်​မိစ္ဆာ​များ​နှင့်​မိ​မိ သွန်း​လုပ်​ထား​သည့်​နွား​သ​ငယ်​ရုပ်​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ရာ​၌​လည်း​ကောင်း​အ​မှု​တော် ဆောင်​ရန်​မိ​မိ​အ​လို​ရှိ​သူ​တို့​အား​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ သည်။-

၂ ရာ​ချုပ် 11