၂ ရာ​ချုပ် 10:5-10 Common Language Bible (BCL)

5. ရော​ဗောင်​က``သုံး​ရက်​လွန်​ပြီး​မှ​ပြန်​လာ​ကြ လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ထို​လူ​တို့​သည်​ထွက် ခွာ​သွား​ကြ​၏။

6. ရော​ဗောင်​မင်း​သည်​ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ အား``ထို​သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

7. အ​မတ်​တို့​က``အ​ကယ်​၍​အ​ရှင်​သည်​သူ​တို့ အား​က​ရု​ဏာ​ပြ​လျက်​နှစ်​သက်​စေ​သော စ​ကား​ဖြင့်​ဖြေ​ကြား​ပါ​လျှင်​သူ​တို့​သည် အ​ရှင်​၏​အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​သစ္စာ ရှိ​စွာ​ထမ်း​ဆောင်​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။

8. သို့​ရာ​တွင်​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​တို့ ၏​အ​ကြံ​ကို​လျစ်​လူ​ရှု​ကာ​မိ​မိ​နှင့်​အ​တူ ကြီး​ပြင်း​လာ​၍ ယ​ခု​အ​ခါ​မိ​မိ​၏​တိုင်​ပင် ဖော်​တိုင်​ပင်​ဘက်​များ​ဖြစ်​လာ​ကြ​သူ​လူ ငယ်​လူ​ရွယ်​များ​နှင့်​တိုင်​ပင်​၏။-

9. သူ​တို့​အား​မင်း​ကြီး​က``သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ​ပါ​မည်​နည်း။ ဖိ​နှိပ် ချုပ်​ချယ်​မှု​ကို​လျော့​ပါး​အောင်​ပြု​လုပ်​ပေး ရန်​ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​သူ​တို့​အား အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု မေး​တော်​မူ​၏။

10. ထို​သူ​ငယ်​တို့​က``အ​ရှင်​သည်​သူ​တို့​အား`ငါ ၏​လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ပိုင်း ထက်​ပို​၍​တုပ်​၏။-

၂ ရာ​ချုပ် 10