3. ဣသရေလပြည်မြောက်ပိုင်းမှအနွယ်တို့သည် သူ့ကိုခေါ်ပြီးလျှင်ရောဗောင်ထံကိုသွား၍၊-
4. ``အရှင်၏ခမည်းတော်သည်အကျွန်ုပ်တို့အား ဖိနှိပ်ချုပ်ချယ်ခဲ့ပါ၏။ အကယ်၍အရှင်သည် ယင်းသို့ဖိနှိပ်ချုပ်ချယ်မှုကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့နေသာထိုင်သာအောင်ပြုတော် မူလျှင် အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
5. ရောဗောင်က``သုံးရက်လွန်ပြီးမှပြန်လာကြ လော့'' ဟုဆို၏။ ထို့ကြောင့်ထိုလူတို့သည်ထွက် ခွာသွားကြ၏။
6. ရောဗောင်မင်းသည်ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များ အား``ထိုသူတို့ကိုငါအဘယ်သို့ဖြေကြား ရပါမည်နည်း။ သင်တို့အဘယ်သို့အကြံ ပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။
7. အမတ်တို့က``အကယ်၍အရှင်သည်သူတို့ အားကရုဏာပြလျက်နှစ်သက်စေသော စကားဖြင့်ဖြေကြားပါလျှင်သူတို့သည် အရှင်၏အမှုတော်ကိုအစဉ်အမြဲသစ္စာ ရှိစွာထမ်းဆောင်ကြပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
8. သို့ရာတွင်ရောဗောင်သည်အသက်ကြီးသူတို့ ၏အကြံကိုလျစ်လူရှုကာမိမိနှင့်အတူ ကြီးပြင်းလာ၍ ယခုအခါမိမိ၏တိုင်ပင် ဖော်တိုင်ပင်ဘက်များဖြစ်လာကြသူလူ ငယ်လူရွယ်များနှင့်တိုင်ပင်၏။-
9. သူတို့အားမင်းကြီးက``သင်တို့သည်ငါ့အား အဘယ်သို့အကြံပေးကြပါမည်နည်း။ ဖိနှိပ် ချုပ်ချယ်မှုကိုလျော့ပါးအောင်ပြုလုပ်ပေး ရန်ငါ့ထံပန်ကြားလျှောက်ထားသူတို့အား အဘယ်သို့ဖြေကြားရပါမည်နည်း'' ဟု မေးတော်မူ၏။
10. ထိုသူငယ်တို့က``အရှင်သည်သူတို့အား`ငါ ၏လက်သန်းသည်ခမည်းတော်၏ခါးပိုင်း ထက်ပို၍တုပ်၏။-
11. ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
12. မိမိတို့အားရောဗောင်မှာကြားလိုက်သည် အတိုင်းသုံးရက်ကြာသော်ယေရောဗောင်နှင့် ပြည်သူအပေါင်းတို့သည်သူ၏ထံသို့ပြန် လာကြ၏။-
13. မင်းကြီးသည်အသက်ကြီးသူတို့၏အကြံ ကိုလျစ်လူရှု၍၊-