1. ဒါဝိဒ်မင်း၏သားတော်ရှောလမုန်မင်းသည် ဣသရေလနိုင်ငံတွင်အာဏာတည်မြဲလာ၏။ သူ၏ဘုရားသည်သူ့ကိုကောင်းချီးပေးတော် မူသဖြင့်သူသည်အလွန်တန်ခိုးကြီးလာ၏။
2. ရှောလမုန်သည်တစ်ထောင်တပ်၊ တစ်ရာတပ်တို့ ကိုအုပ်ချုပ်သောတပ်မှူးများ၊ အစိုးရအရာ ရှိများ၊ အိမ်ထောင်ဦးစီးများနှင့်ပြည်သူ အပေါင်းတို့အား-
3. မိမိနှင့်အတူဂိဗောင်မြို့ရှိကိုးကွယ်ဝတ်ပြု ရာဌာနတော်သို့ သွားရောက်ကြရန်အမိန့်ထုတ် ပြန်တော်မူ၏။ ထိုအရပ်သို့သွားရခြင်းမှာ တောကန္တာရ၌ ထာဝရဘုရား၏အစေခံ မောရှေပြုလုပ်ခဲ့သည့်ထာဝရဘုရားစံ တော်မူရာတဲတော်တည်ရာဖြစ်ခြင်းကြောင့် ဖြစ်၏။-
4. (သို့ရာတွင်ပဋိညာဉ်သေတ္တာတော်မှာမူယေရု ရှလင်မြို့တွင်ရှိနေသည်။ ထိုသေတ္တာတော်ကို ဒါဝိဒ်သည်ကိရယတ်ယာရိမ်မြို့မှပင့်ဆောင် လာစဉ်အခါကမိမိတည်ဆောက်သည့်တဲ တော်တွင်ထားရှိခဲ့သတည်း။-)