၂ ရာ 8:8-18 Common Language Bible (BCL)

8. မင်း​ကြီး​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​မြို့ များ​ဖြစ်​သော ဘေ​တ​မြို့​များ​နှင့်​ဗေ​ရော​သဲ မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား​ကို လည်း​သိမ်း​ယူ​လေ​၏။

9. ဟာ​ဒ​ဒေ​ဇာ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို ဒါ​ဝိဒ်​ချေ​မှုန်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင် တော​ဣ​မင်း​ကြား​လျှင်၊-

10. သား​တော်​ယော​ရံ​ကို​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ် ပြီး​လျှင် ဟာ​ဒ​ဒေ​ဇာ​၏​အ​ပေါ်​တွင်​အောင်​ပွဲ ရ​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​မှု​ရှိ​ကြောင်း နှုတ်​ခွန်း​ဆက်​စ​ကား​ပြော​ကြား​စေ​၏။ တော​ဣ ကား​ဟာ​ဒ​ဒေ​ဇာ​ကို​အ​ကြိမ်​ပေါင်း​များ စွာ​တိုက်​ခိုက်​ခဲ့​သူ​ဖြစ်​သ​တည်း။ ယော​ရံ သည်​မိ​မိ​နှင့်​အ​တူ​ရွှေ၊ ငွေ​နှင့်​ကြေး​ဝါ ဖြင့်​ပြီး​သော​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဒါ​ဝိဒ်​ထံ​သို့​ယူ​ဆောင်​လာ​လေ​သည်။-

13. ဒါ​ဝိဒ်​သည်​ဆား​ချိုင့်​ဝှမ်း​မှ​ဧ​ဒုံ​ပြည်​သား တစ်​သောင်း​ရှစ်​ထောင်​ကို သုတ်​သင်​ရာ​မှ​ပြန် လာ​သော​အ​ခါ​ပို​၍​ပင်​ထင်​ပေါ်​ကျော် ကြား​၍​လာ​လေ​သည်။-

14. သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​စစ် စ​ခန်း​များ​တည်​ဆောက်​ထား​သ​ဖြင့် ထို​ပြည် သား​တို့​သည်​သူ​၏​လက်​အောက်​ခံ​ဖြစ်​လာ ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား စစ်​ချီ​သွား​လေ​ရာ​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။

15. ဒါ​ဝိဒ်​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အုပ်​စိုး​၍ မိ​မိ​၏​ပြည်​သူ​တို့​အား​တ​ရား မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။-

16. ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုပ်​၏​သား​ယော ရှ​ဖတ်​မှာ​စာ​ရင်း​ထိန်း​ဖြစ်​၏။-

17. အ​ဟိ​တုတ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မ​လက်​တို့​ကား​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။ စ​ရာ​ယ​သည်​စာ​ရေး တော်​ကြီး​ဖြစ်​၍၊-

18. ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​မှာ​ခေ​ရ​သိ​နှင့် ပေ​လ​သိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော ကိုယ်​ရံ​တော်​အ​စောင့်​တပ်​သား​တို့​ကို​အုပ် ချုပ်​ရ​သူ​ဖြစ်​၏။ ဒါ​ဝိဒ်​၏​သား​တော်​များ ကား​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သ​တည်း။

၂ ရာ 8