3. ထိုနောက်ရဟောဘ၏သားဇောဘဘုရင် ဟာဒဒေဇာသည် အထက်ဥဖရတ်မြစ် အနီးရှိနယ်မြေကိုပြန်လည်သိမ်းပိုက် ရန်သွားတိုက်စဉ်ဒါဝိဒ်သည်သူ့အား နှိမ်နင်းတော်မူ၍၊-
4. မြင်းတပ်သားတစ်ထောင်ခုနစ်ရာနှင့်ခြေလျင် တပ်သားနှစ်သောင်းကိုဖမ်းဆီးရမိတော် မူ၏။ မင်းကြီးသည်ရထားအစီးတစ်ရာ အတွက်မြင်းတစ်ရာကိုသိမ်း၍ ကျန်သော မြင်းရှိသမျှတို့၏ခြေကြောကိုဖြတ် လေ၏။-
5. ဒမာသက်မြို့မှရှုရိပြည်သားတို့သည် ဟာဒဒေဇာကိုစစ်ကူရန်လာရောက်ကြ သောအခါ ဒါဝိဒ်သည်သူတို့ကိုတိုက် ခိုက်၍လူနှစ်သောင်းနှစ်ထောင်ကိုသုတ် သင်ပစ်လေ၏။-
6. ထိုနောက်မင်းကြီးသည်ထိုသူတို့၏နယ် မြေတွင်စစ်စခန်းများကိုတည်ဆောက် ထားသဖြင့် သူတို့သည်မင်းကြီး၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်ရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်သွားရောက် လေရာအရပ်ရပ်၌အောင်ပွဲကိုခံစေ တော်မူ၏။-
7. ဒါဝိဒ်သည်ဟာဒဒေဇာ၏စစ်ဗိုလ်များ ကိုင်ဆောင်သည့်ရွှေဒိုင်းလွှားများကိုသိမ်း ၍ယေရုရှလင်မြို့သို့ယူဆောင်သွား၏။-
8. မင်းကြီးသည်ဟာဒဒေဇာအစိုးရသည့်မြို့ များဖြစ်သော ဘေတမြို့များနှင့်ဗေရောသဲ မြို့တို့မှကြေးဝါအမြောက်အမြားကို လည်းသိမ်းယူလေ၏။
9. ဟာဒဒေဇာ၏တပ်မတော်တစ်ခုလုံးကို ဒါဝိဒ်ချေမှုန်းလိုက်ကြောင်း ဟာမတ်ဘုရင် တောဣမင်းကြားလျှင်၊-
10. သားတော်ယောရံကိုဒါဝိဒ်ထံသို့စေလွှတ် ပြီးလျှင် ဟာဒဒေဇာ၏အပေါ်တွင်အောင်ပွဲ ရသည့်အတွက် နှစ်ထောင်းအားရမှုရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားစေ၏။ တောဣ ကားဟာဒဒေဇာကိုအကြိမ်ပေါင်းများ စွာတိုက်ခိုက်ခဲ့သူဖြစ်သတည်း။ ယောရံ သည်မိမိနှင့်အတူရွှေ၊ ငွေနှင့်ကြေးဝါ ဖြင့်ပြီးသောပစ္စည်းအသုံးအဆောင်များ ကိုဒါဝိဒ်ထံသို့ယူဆောင်လာလေသည်။-
13. ဒါဝိဒ်သည်ဆားချိုင့်ဝှမ်းမှဧဒုံပြည်သား တစ်သောင်းရှစ်ထောင်ကို သုတ်သင်ရာမှပြန် လာသောအခါပို၍ပင်ထင်ပေါ်ကျော် ကြား၍လာလေသည်။-
14. သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။