၂ ရာ 8:14-18 Common Language Bible (BCL)

14. သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​စစ် စ​ခန်း​များ​တည်​ဆောက်​ထား​သ​ဖြင့် ထို​ပြည် သား​တို့​သည်​သူ​၏​လက်​အောက်​ခံ​ဖြစ်​လာ ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား စစ်​ချီ​သွား​လေ​ရာ​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။

15. ဒါ​ဝိဒ်​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အုပ်​စိုး​၍ မိ​မိ​၏​ပြည်​သူ​တို့​အား​တ​ရား မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။-

16. ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုပ်​၏​သား​ယော ရှ​ဖတ်​မှာ​စာ​ရင်း​ထိန်း​ဖြစ်​၏။-

17. အ​ဟိ​တုတ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မ​လက်​တို့​ကား​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။ စ​ရာ​ယ​သည်​စာ​ရေး တော်​ကြီး​ဖြစ်​၍၊-

18. ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​မှာ​ခေ​ရ​သိ​နှင့် ပေ​လ​သိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော ကိုယ်​ရံ​တော်​အ​စောင့်​တပ်​သား​တို့​ကို​အုပ် ချုပ်​ရ​သူ​ဖြစ်​၏။ ဒါ​ဝိဒ်​၏​သား​တော်​များ ကား​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သ​တည်း။

၂ ရာ 8